12.1.14

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာ ဘုန်းတော်ကြီးကျောင်းအား KIA မှ ၀င်ရောက်ပစ်ခတ်


မြန်မာမြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းအား ၂၀၁၄ ၊ ဇန်န၀ါရီလ ၁၁ ရက်နေ့၊ နံနက် ၂ နာရီခန့်အချိန်တွင် KIA အဖွဲ့မှ
ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ နန့်ယားဘုန်းတော်ကြီးကျောင်းသို့ KIA အဖွဲ့မှ ၀င်ရောက်ပစ်ခတ်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ တပ်မတော်သားများ နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်သား ၆ ဦး ကျဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူ ၃ ဦးရှိကြောင်း၊ KIA အဖွဲ့မှ ချောင်းမြောင်း ၀င်ရောက်၍ စတင်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ နန့်ယားဒေသခံများမှ ပြောကြားသည်။

ဧရာဝတီမြစ်ဖျားဆီက

0 comments:

Post a Comment