12.1.14

ဒိန်းမတ် တော်ဝင်မင်းသမီး စစ်တွေမြို့ ဒုက္ခသည်စခန်းတွေကိုသွားရောက်


ဒိန်းမတ်နိုင်ငံရဲ့ တော်ဝင်မင်းသမီး Princess Mary ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာခဲ့ပြီးတော့ ဒီကနေ့မှာတော့ စစ်တွေမြို့အနောက်ဘက်က ဆေးသမား မွတ်စလင်ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းမှာရှိတဲ့ စက်မှုဇုန် ရခိုင်ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ တော်ဝင်မင်းသမီး Princess Mary အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက လက်ရှိ ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာဖို့ မနေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ဒုက္ခသည်တွေအတွက် လိုအပ်တာတွေကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်းကြောင်း မနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား သင့်မြတ်စွာအတူယှဉ်တွဲနေထိုင်ရေး ကိစ္စရပ်တွေအတွက်လည်း စစ်တွေမြို့က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မနေ့က ညနေပိုင်းမှာ စစ်တွေဟိုတယ်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

photo: RFA/ Min Thein Aung

0 comments:

Post a Comment