4.1.14

မြန်မာနိုင်ငံတွင် ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်း ကင်းဝေးပါစေ ဟု မောင်ဝိတ် ဆုတောင်း

မြန်မာ နိုင်ငံတွင် ကြီးနိုင်ငယ် ညှဉ်းနှိပ် စက်ခြင်းကင်းဝေးရန် လေးလေး နက်နက် ဆုတောင်းပါကြောင်း နိုင်ငံတော် လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဆောက် လုပ်ရေး
လုပ်ငန်းရှင် မြန်မာ့လက် ရွေးစင် ဂေါက်သီးသမားဟောင်း ဦးမောင်ဝိတ်က ထုတ်ဖော်ပြော ကြားလိုက်ကြောင်း သိရသည်။ တစ်ချိန်က သူ၏ခန္ဓာကိုယ် အလေးချိန်နှင့်ညီမျှသော ရွှေများကို ရွှေတိဂုံဘုရားတွင် လှူဒါန်းခဲ့ သူ ဦးမောင်ဝိတ် သည် ၂၀၀၈ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက ပုဒ်မ(၁၅၊ ၁၆ (င))ဖြင့် ပြစ်ဒဏ်၁၅နှစ်အပါ အဝင် လဝကမှုဖြင့် ပြစ်ဒဏ် သုံးနှစ်ပေါင်း ၁၈နှစ်ချမှတ်ခံ ရကြောင်း သိရသည်။

''ပြင်ပလောကကို မီဒီယာ မှတစ်ဆင့် မြင်တွေ့ခွင့်ရခဲ့တဲ့ အတွက် မီဒီယာတွေကို ကျေး ဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်း ကင်းဝေးတဲ့ မြန်မာနိုင်ငံတော် ကြီးဖြစ်ပါစေလို့ ဆုတောင်းပါ တယ်။ တကယ်တော့ မှန်ခြင်း၊ မှားခြင်းနဲ့ အပြစ်ရှိခြင်း၊ မရှိ ခြင်း၊ အရေးယူခြင်း၊ မယူခြင်း ဟာ ဘယ်သူဆုံးဖြတ်တာလဲဆို တာပေါ်မှာ မူတည်ပါတယ်။ နောက်ဆုံးတော့ အနိစ္စသဘော တွေပါပဲ''ဟု ဇန်နဝါရီ၃ရက်က ပုသိမ်အကျဉ်းထောင်မှလွတ် မြောက် လာသော ဦးမောင်ဝိတ် က ပြောသည်။

နိုင်ငံတော်လွှတ်ငြိမ်းချမ်း သာခွင့်အမှတ် ၁/၂၀၁၄အရ ပြစ်မှုကျခံရသည့်ကာလ၏ လေး ပုံတစ်ပုံလျှော့ပေါ့ပေးခဲ့ရာ ပု သိမ်အကျဉ်းထောင်က ကျား ၂၀၈ဦးနှင့် မ၄၆ဦး စုစုပေါင်း ၂၅၄ဦးတို့ လွတ်မြောက်ခဲ့သည် ဟု သိရသည်။ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်ပြီး လွတ်မြောက်ခဲ့သူ များကို ပုသိမ်မြို့အကျဉ်းထောင် ရုံးခန်းမတွင် ပုသိမ်မြို့ခရိုင်အုပ် ချုပ်ရေးမှူး ဦးခင်မောင်လေး အပါအဝင် ထောင်တာဝန်ရှိသူ များက လွတ်မြောက်လာသူများ နှင့်တွေ့ဆုံသည့် အခမ်းအနား တွင် ''အခုလိုလွတ်မြောက်ခွင့် ရတဲ့အတွက် ကာယကံရှင်မ ပြောနဲ့ ကျွန်တော်တို့တောင်ပီတိ ဖြစ်ရပါတယ်။ မိမိရွာပြန်ရောက် ရင် မိမိဘဝတိုးတက်အောင်နေ ထိုင်ကြပါ။ နိုင်ငံတော်အကျိုး ကိုလဲ လုပ်ဆောင်နိုင်ကြပါစေ။ ဘာသာတရားရဲ့ အဆုံး အမ အောက်မှာ ပျော်ရွှင်နိုင်ကြပါ စေ။ မိမိရောက်ရှိတဲ့ပတ်ဝန်း ကျင်မှာလဲ အကျိုးရှိအောင်နေ ထိုင်ကြပါ''ဟု ဦးခင်မောင်လေး က ပြောသည်။

ယင်းကဲ့သို့ နိုင်ငံတော် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက် လာသည့် စီးပွားရေးလုပ်ငန်း ရှင်ဦးမောင်ဝိတ်က ''ကျွန်တော် ဘာပြောချင်သလဲဆိုတော့ ကျွန် တော် မောင်ဝိတ်ဆိုတဲ့ဘဝတစ်ခု လုံးကို ဘယ်ခုံရုံးမှာဖြစ်ဖြစ်အစစ် ခံလို့ရပါတယ်။ ကျွန်တော် ရဲ့ သွေးထဲမှာ ကျွန်တော်ရဲ့ခန္ဓာ ကိုယ်ထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လိုပြားစေ့မျှ မှမရှိပါဘူးဆိုတာကို ကျွန်တော် အခိုင်အမာပြောလိုပါတယ်''ဟု ထုတ်ဖော်ပြောသည်။ ဇန်နဝါရီ၃ရက်က လွတ် မြောက်လာသူ များထဲ တွင် ပုသိမ် အကျဉ်းထောင်မှ ၂၅၄ဦး၊ မြောင်းမြအကျဉ်းထောင်မှ ၁၅၆၊ ဟင်္သတအကျဉ်းထောင် မှ ၁၀၂ဦး၊ မအူပင်အကျဉ်း ထောင်မှ ၇၄ဦး၊ ဖျာပုံအကျဉ်း ထောင်မှ ၈၂ဦး၊ ဆားမလောက် စခန်းမှ ၈၅ဦးအပါအဝင် စုစု ပေါင်း၈၄၀ လွတ်မြောက် ခဲ့ ကြောင်း သိရသည်။

The Yangon Times

0 comments:

Post a Comment