22.1.14

နီဂရီဒို၏ ပုခုံးဒဏ်ရာကို မန်စီးတီး စိုးရိမ်နေ

မန်စီးတီးအသင်းသည် ၀က်စ်ဟမ်းအသင်းအား အနိုင်
ရရှိသည့် ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင်
ပုခုံးဒဏ်ရာ ရရှိခဲ့သော တိုက်စစ်မှူး နီဂရီဒို၏ အခြေအနေ
ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အင်္ဂါနေ့ညက ၀က်စ်ဟမ်းကို (၃-၀)ဂိုးဖြင့် အနိုင်ရသော
ပွဲတွင် (၂)ဂိုးသွင်းယူခဲ့သော နီဂရီဒိုသည် ယခုနှစ်
ဘောလုံးရာသီတွင် ခြေစွမ်းပြကစားနေသူ ဖြစ်သည်။


ယင်းပွဲစဉ်တွင် မန်စီးတီးအတွက် ကျန်အနိုင်ဂိုးတစ်ဂိုးကို
အဂူရိုက သွင်းယူခဲ့သည်။

မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက "အယ်လ်ဗာရိုနီဂရီဒို
မှာ ပုခုံးပြဿ နာတစ်ခုရှိနေပါတယ်။ အခုအချိန်မှာ နာကျင်ရုံပဲ
နာကျင်နေပါတယ်။ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို စစ်ဆေး
သွားပါမယ်" ဟုပြောကြားသွားခဲ့သည်။

မန်စီးတီးအသင်းသည် ၀က်စ်ဟမ်းကို နှစ်ကျော့ပေါင်းရလဒ်
(၉-၀)ဂိုးဖြင့် အနိုင်ရရှိပြီး ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲသို့
တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် မန်ယူ (သို့မဟုတ်) ဆန်းဒါးလန်း
နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မန်ယူနှင့် ဆန်းဒါးလန်းတို့သည် ယနေ့
ညတွင် ဒုတိယအကျော့ပွဲစဉ် ကစားကြမည်ဖြစ်သည်။

Goal Myanmar

0 comments:

Post a Comment