22.1.14

မူယစ်ဆေးဝါးသယ်ဆောင်လာသော “၀” တပ်ဖွဲ့ဝင် (၄)ယောက်ကို ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းမူးယစ်နှိမ်နှင်းရေးအဖွဲ့ ကအသေဖမ်းမိခဲ့ Wednesday, January 22, 2014 ထိုင်းမူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ တွေဟာ ကြိုတင်သတင်းရရှိချက်တွေကြောင့် ချေးရမ်းခရိုင် မက်ချမ်းမြို့နယ်ထဲမှာ စောင့်ဆိုင်းနေချိန်မှာ မူးယစ်ကုန်သည်တွေနဲ့တွေ့ရှိပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်တဲ့နေရာဟာ မြန်မာပြည်ဘက်အခြမ်းက UWSA ထိန်းချုပ်နယ်မြေ အစပ်မှာဖြစ်ပါတယ်။ ထိုင်းရဲတွေက “၀” ဒေသ မူးယစ်ကုန်သည်တွေကို ဖမ်းဆီးချိန်မှာ မူးယစ်ကုန်သည်(၈)ယောက်အဖွဲ့က စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီးတိုက်ပွဲမှာ (၂)နာရီ ကြာမြင့်ခဲ့ပါတယ်။ မူးယစ်ကုန်သည်တွေ “၀” နယ်မြေထဲကိုပြန်ဆုတ်သွားပြီးတဲ့နောက် လျှို တခု အထဲ မှာ အလောင်း(၄)လောင်းကိုတွေ့ ရှိခဲ့ပါတယ်။ အဲ့ဒီ အလောင်းတွေနဲ့အတူ စိတ်ကြွဆေးပြား ၅၀၀၀၀ (ငါးသောင်း) ပါဝင်တဲ့ အထုပ်(၂၅) ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပါး(၁၂ သိန်း ငါးသောင်း)၊ ဘိန်းဖြူ ၂ ကီလို ဂရမ် ပါတဲ့ အထုပ်(၁၃) ထုပ် - စုစုပေါင်း ဘိန်းဖြူ (၂၆) ကီလိုဂရမ် ၊ အေကေရိုင်ဖယ်(၁) လက်၊ လက် နက် ငယ်(၁) လက်နှင့် တရုတ်လုပ် လက်ပစ်ဗုံး တစ်လုံး တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမူးယစ်တပ်ဖွဲ့ က ပြောဆိုခဲ့ ပါတယ်။ DVB

ထိုင်းမူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ တွေဟာ ကြိုတင်သတင်းရရှိချက်တွေကြောင့် ချေးရမ်းခရိုင် မက်ချမ်းမြို့နယ်ထဲမှာ စောင့်ဆိုင်းနေချိန်မှာ မူးယစ်ကုန်သည်တွေနဲ့တွေ့ရှိပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်တဲ့နေရာဟာ မြန်မာပြည်ဘက်အခြမ်းက UWSA ထိန်းချုပ်နယ်မြေ အစပ်မှာဖြစ်ပါတယ်။


ထိုင်းရဲတွေက “၀” ဒေသ မူးယစ်ကုန်သည်တွေကို ဖမ်းဆီးချိန်မှာ မူးယစ်ကုန်သည်(၈)ယောက်အဖွဲ့က စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီးတိုက်ပွဲမှာ (၂)နာရီ ကြာမြင့်ခဲ့ပါတယ်။ မူးယစ်ကုန်သည်တွေ “၀” နယ်မြေထဲကိုပြန်ဆုတ်သွားပြီးတဲ့နောက် လျှို တခု အထဲ မှာ အလောင်း(၄)လောင်းကိုတွေ့ ရှိခဲ့ပါတယ်။

အဲ့ဒီ အလောင်းတွေနဲ့အတူ စိတ်ကြွဆေးပြား ၅၀၀၀၀ (ငါးသောင်း) ပါဝင်တဲ့ အထုပ်(၂၅) ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပါး(၁၂ သိန်း ငါးသောင်း)၊ ဘိန်းဖြူ ၂ ကီလို ဂရမ် ပါတဲ့ အထုပ်(၁၃) ထုပ် - စုစုပေါင်း ဘိန်းဖြူ (၂၆) ကီလိုဂရမ် ၊ အေကေရိုင်ဖယ်(၁) လက်၊ လက် နက် ငယ်(၁) လက်နှင့် တရုတ်လုပ် လက်ပစ်ဗုံး တစ်လုံး တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမူးယစ်တပ်ဖွဲ့ က ပြောဆိုခဲ့ ပါတယ်။

DVB

0 comments:

Post a Comment