2.1.14

၂၀၁၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန် တိုင်းဒေသကြီး ၌ ဖြစ်ပွားခဲ့ သည့် အမှုများ

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက် တစ်နှစ်တကာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် အမှုများတွင် လူသတ်မှု ၁၃၀၊ ဓားပြမှု လေးမှု၊ လုယက်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၅၂ မှု၊ ဖောင်ထွင်းမှု ၂၃ မှု၊ တိရိစ္ဆာန်ခိုးမှု တစ်မှုတို့ ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့် အမှု ၃၁၆မှု၊ ပိတ်သိမ်းမှု ၁၀ မှုနှင့် လက်ကျန်မှု ၁၇ မှု ရှိခဲ့ကြောင်း သိရသည်။

အခြားအမှုများဖြစ်သည့် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် အရေးယူမှု ၆၉မှု၊ စက်ဘီးခိုးမှု ၁၆ မှု၊ ဆိုင်ကယ်ခိုးမှု ၅၂ မှု၊ ကားခိုးမှု ၄၈ မှု၊ ခါးပါးနှိုက်မှု ၇၃ မှု၊ ခိုးမှု(ရိုးရိုး) ၈၁၄ မှု၊ လုယက်မှု ၆၇ မှု၊ နာကျင်စေမှု(ရိုးရိုး) ၂၇၀၀ မှု၊ ယာဉ်ကြောင့်နာကျင်စေမှု ၂၅၃၂ မှုနှင့် ကျန်အခြားမှု ၆၈၁၆ မှုတို့ ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့်အမှု ၁၁၀၉၅ မှု၊ ပိတ်သိမ်းမှု ၆၆၈ မှု၊ လက်ကျန်မှု ၁၄၂၄ မှု ရှိခဲ့သည်။

ကြိုတင်ကာကွယ်မှုများဖြစ်သည့် ချဲလောင်းကစားမှု ၇၉၁ မှု၊ လောင်းကစား မှု(ရိုးရိုး) ၂၆၅မှု၊ လက်နက်ပုန်း ၆၂၀၊ ယစ်မျိုး ၃၇၃၉မှု၊ ပြည့်တန်ဆာ ၁၄၆၂ မှု၊ မူးယစ်ဆေးဝါး ၂၈၆ မှု၊ ခြေချုပ်ဖောက်ဖျက်မှု ၄၈၄ မှု၊ ရဲအက် ၉၆၃၈ မှု၊ ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄ အရ အရေးယူမှု ၂၂၂၀ မှု၊ ဆင်ဆာမဲ့ ဗွီဒီယို အခွေဖမ်းဆီးအရေးယူမှု ၅၄၇ မှုတို့ကို အရေးယူခဲ့ပြီး တရားစွဲ တင်ပို့မှု ၁၉၇၅၁ မှု၊ ပိတ်သိမ်းမှု ၁၉၆ မှု၊ လက်ကျန်မှု ၁၀၅ မှုတို့ ရှိ ခဲ့ကြောင်း စာရင်းများအရ သိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment