3.1.14

ကမ္ဘာဂြိုဟ် ကဲ့သို့ လူသားများ နေထိုင်ရန် သင့်လျော်သည့် ဂြိုဟ်တစ်လုံးတွေ့ရှိ

နေစကြာဝဠာ၏ အလွန်တွင် ကမ္ဘာဂြိုဟ်၏ အရွယ်အစား၊ ထုထည်၊ အလေးချိန် သိပ်သည်းဆ တူညီလု နီးပါးရှိသည့် Kepler-78 အမည်ရှိ ဂြိုဟ်တစ်လုံးကို အမေရိကန် ပြည်ထောင်စုမှ သုတေသီများကရှာဖွေ တွေ့ရှိခဲ့
ကြောင်း၊ ထိုဂြိုလ်သည် ကမ္ဘာဂြိုဟ် ထက်၁ ဒသမ ၆၉ ဆ ပိုမို ကြီးမားပြီး သိပ်သည်းဆမှာလည်း

ကမ္ဘာဂြိုဟ်၏ အလေးချိန် သိပ်သည်းဆ ၁ ကုဗ စင်တီမီတာတွင် ၅ ဒသမ ၃ ဂရမ် ရှိကြောင်း၊ မျက်နှာပြင်သည်ချောမွေ့မှု မရှိဘဲ အပူချိန်မှာ ကမ္ဘာမြေထက် ၂ဝ⁠ဝဝ ဒီဂရီ ပိုပူပြင်းကြောင်း၊ ၎င်းဂြိုဟ်သည် ၈ ဒသမ ၅ နာရီတွင် တစ်ကြိမ် လည်ပတ်ပြီး ကမ္ဘာဂြိုဟ် လိုမျိုး လူသားများ နေထိုင်ရန် သင့်တော်သည့် ဂြိုဟ်တစ်လုံးဖြစ်ကြောင်း ယခုတွေ့ရှိမှုသည် ကောင်းသော နိမိတ်တစ်ခုအဖြစ် သုတေသီများက ယုံကြည်ကြကြောင်းနှင့် ဂြိုလ်အမည်မှာ Kepler-78 ဖြစ်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြထားသည်။

MOI Webportal Myanmar

0 comments:

Post a Comment