23.4.15

နိုင်ငံခြားဘဏ် ကိုးခုတွင် ဂျပန်အခြေစိုက် BTMU ဘဏ်ခွဲ စတင်ဖွင့်


ပြည်တွင်း၌ ဗဟိုဘဏ် မှ ဘဏ်ခွဲဖွင့်လှစ်ရန်ခွင့်ပြုထားသော  နိုင်ငံခြားဘဏ်ကိုးခုအနက် တစ်ခုအပါအ၀င်ဖြစ်သည့် ဂျပန်နိုင်ငံအခြေစိုက် BTMU ဘဏ်ခွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဧပြီ ၂၂ကစတင်ဖွင့်လှစ်လိုက်သည်။


BTMU ဘဏ်ကို မြန်မာ နိုင်ငံတွင် ဖွင့်လှစ်ပြီး ပြည်တွင်း ဘဏ်များနှင့် ပူးပေါင်း၍ ပြည်သူ များထံမှ ယုံကြည်မှုနှင့်တည် ငြိမ်၍ ဘဏ္ဍာရေးအခြေခံအ ဆောက်အအုံဖွံ့ဖြိုးရန် ကူညီ ဆောင်ရွက်မည်ဟု မစ္စတာ ဂိုဝါတာနာဘေးက  ပြောကြားသည်။

BTMU ဘဏ်သည် ၂၀၁၄ နိုဝင်ဘာ ၁ရက်မှစတင်ခွင့်ပြုခဲ့ သော နိုင်ငံခြားဘဏ်ကိုးခုတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး လက်ရှိ အချိန်၌ CB ဘဏ်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဘဏ် ခွဲဖွင့်လှစ်ခြင်းဖြစ်သည်။

 ဘဏ်များတွင် ငွေအပ်နှံ စာရင်းဖွင့်ထားမှုသည် မြန်မာ နိုင်ငံရှိ လူဦးရေ၏ ၂၀ရာခိုင်နှုန်း ခန့်ရှိနေသောကြောင့်  ဘဏ် များအနေဖြင့် ယုံကြည်မှုတည် ဆောက်ရန် အရေးတကြီးဆောင် ရွက်ရမည်ဟု BTMU ဘဏ် အမှု ဆောင်အရာရှိချုပ် မစ္စတာဂိုဝါ တာနာဘေးက ပြောကြားသည်။

‘‘ယုံကြည်မှုဟာ ဘဏ်တွေ အတွက် အရမ်းကိုအရေးကြီး တယ်’’ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင်   ထပ်မံပြောကြားသည်။

 ၎င်းဘဏ်အနေဖြင့် ပြည် တွင်းဘဏ်များနှင့် လက်တွဲပူး ပေါင်းပြီး စက်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး၊ ကုန်သွယ်မှုမြှင့်တင် ရေးတို့အတွက် ကုန်သွယ်ရေးငွေ ပေးငွေယူလုပ်ငန်း (Trad Fina-ncing) ၊ အသေးစားနှင့် အလတ် စားချေးငွေလုပ်ငန်း၊ စီမံကိန်း ချေးငွေလုပ်ငန်းတို့ကို ပံ့ပိုးပေးမည်ဟု သိရသည်။

BMTU ဘဏ်သည် ပြည် တွင်း၌ လာရောက်၍ ဘဏ်ခွဲဖွင့် လှစ်ရာတွင် မ,တည်ရင်းနှီးငွေအ မေရိကန်ဒေါ်လာသန်း ၁၀၀နှင့် အစိုးရကို အာမခံအနေဖြင့် အမေ ရိကန်ဒေါ်လာ ၇၅သန်း ရင်းနှီး မြှုပ်နှံမည်ဖြစ်သည်။

BTMU ဘဏ်သည် မြန်မာ နိုင်ငံရှိ လည်ပတ်နေသော  ဂျပန်စီးပွားရေးလုပ်ငန်းများသာမက မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်း များအတွက်လည်း ငွေကြေးအ ထောက်အပံ့များပေးရန် တိုက် တွန်းကြောင်း မြန်မာနိုင်ငံဗဟို ဘဏ် ဥက္ကဋ္ဌဦးကျော်ကျော်မောင် က ယင်းဘဏ်ခွဲဖွင့်လှစ်ပွဲ အခမ်း အနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘဏ်ခွဲတစ်ခုလာရောက်ဖွင့်လှစ် ခြင်းအတွက် အဓိကအခက်အခဲမှာ ဘဏ္ဍာရေးအခြေခံအဆောက်အအုံမပြည့်စုံမှုသာဖြစ်နေသည်။ ထို့ကြောင့်   ယင်းအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားဘဏ်များဝင်ရောက်လာပါက အစဉ်ပြေနိုင်ကြောင်း  မစ္စတာဂိုဝါတာနာဘေးက   ပြောကြားသည်။

  BTMU ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင်  ဖွင့်လှစ်ပြီး နောက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး၊ ဘဏ္ဍာရေးအခြေခံ အဆောက်အအုံနှင့် မြန်မာဘဏ်များပိုမိုအားကောင်းလာစေရေး၊ နည်းပညာများလွှဲပြောင်းပြီး လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

Credit: 7Day News

0 comments:

Post a Comment