23.4.15

အမျိုးသားလွှတ်တော်အတွက် PR စနစ်ကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးရန် မဖြစ်နိုင်တော့ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ဆို


အမျိုးသားလွှတ် တော်ရွေးကောက်ပွဲများအတွက် အ ချိုးကျကိုယ်စားပြုစနစ် (PR) ကျင့် သုံးရန် လွှတ်တော်က အတည်ပြုထား သော် လည်း ၂၀၁၅ ရွေးကောက်ပွဲ တွင် စတင်ကျင့်သုံးနိုင်တော့မည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ပြော ကြားကြသည်။


အမျိုးသားလွှတ်တော်တွင် အ ချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးနိုင် ရေးအတွက် ဧပြီလတွင် လွှတ်တော် တွင်း အပြီးသတ်ဆွေးနွေး၍ ပြည် ထောင် စုရွေးကောက်ပွဲကော်မရှင် (UEC) ထံသို့ အကြောင်းပြန်ရ မည် ဖြစ်သော်လည်း သင်္ကြန်ကာလမှစ၍ မေလ ဒုတိယပတ်အထိ လွှတ်တော် အစည်းအဝေးများ ရပ်နားထားသော ကြောင့် အထက်ပါအတိုင်း သုံးသပ် ပြောကြားကြခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာအေးမောင်က ''ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌက ဒီလ ၃ဝရက် နောက် ဆုံးထားပြီး ဒီစနစ်နဲ့ပတ်သက်လို့ အကြောင်းပြန်ပေးဖို့ ပြောထားတယ်။ ဒါပေမဲ့ မေ ၁၁ရက်မှ လွှတ်တော်က ပြန်စမှာဆိုတော့ အချိန်က ကွာသွား ပြီ။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲ မှာ PR စနစ်ကို ကျင့်သုံးဖို့ဆိုတာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်တော့ ဘူး''ဟု ပြောသည်။

ထို့ပြင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် PR စနစ် ကျင့်သုံးရန် လွှတ်တော်မှ ဥပဒေအ ဖြစ် အတည်ပြုပြဋ္ဌာန်းမည်ဆိုပါကလည်း ၎င်းအနေဖြင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့်ညီမညီ စိစစ်ရန်အတွက် ခုံရုံးသို့ ထပ်မံပေးပို့သွားမည်ဟု ဒေါက်တာအေးမောင်က ဆက်လက် ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးသိန်းဆွေက ''ကျွန်တော်ထင် တာကတော့ အမျိုးသားလွှတ်တော် မှာ PR စနစ်သုံးဖို့ ၂၀၁၅ရွေးကောက် ပွဲမှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ UEC က ဧပြီအတွင်းမှာ အပြီးသတ် ပေးဖို့ ပြောထားတယ်။ ဘာကြောင့် ဆို ဒီလအတွင်းမှာမှ မဆောင်ရွက် ဘူးဆိုရင် ဥပဒေမပြဋ္ဌာန်းဘူးဆိုရင် သူတို့လုပ်ငန်းတွေ ဆောင် ရွက်ရ တာ အခက်အခဲဖြစ်မယ်။ လူထုကို ချပြဖို့အတွက် အခက်အခဲဖြစ်နိုင် တယ်ဆိုပြီး စာပို့ထားတယ်။ အခု ဒီစနစ်ကို အမျိုးသားလွှတ်တော် မှာ တောင် ဆွေးနွေးလို့မပြတ်သေးဘူး။ ပြီးရင် process အရလည်း အမျိုး သားလွှတ်တော်မှာ အတည်ပြုပြီးရင် ပြည်သူ့လွှတ်တော်တင်ရမယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော် ဆက်သွား ရမယ်။ ဒါကြောင့် ကျွန်တော်ထင် တာက ဒီရွေးကောက်ပွဲ မမီနိုင်တော့ ဘူး။ ၂၀၁၅မှာ ဘယ်လိုမှမဖြစ် နိုင် တော့ဘူး''ဟု သုံးသပ်ပြောဆိုသည်။

အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲများတွင် အသုံးပြုမည့် အချိုးကျကိုယ် စားပြုစနစ် (PR)ဥပဒေကြမ်းကို မတ်လအတွင်းက ကျင်းပသော (၁၂)ကြိမ်မြောက်အမျိုး သားလွှတ်တော်အစည်းအဝေးတွင် PR စနစ်အကောင်အထည်ဖော်ရေး ဆိုင်ရာ ကော်မရှင်က တင်သွင်းခဲ့ သည်။
အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးလှဆွေက ''ဒီနှစ်မှာမမီ လဲ ရှေ့နှစ် အမတ်လောင်းတွေအ တွက် ကောင်းတဲ့စနစ်ပေါ့ဗျာ။ PR စနစ်က ဒီမိုကရေစီအဆန်ဆုံးစနစ် ပဲ။ ကျင့်သုံးတဲ့နိုင်ငံတွေလဲ တဖြည်း ဖြည်းများ လာတယ်။ လူထုယုံကြည် မှုကိုရထားတဲ့သူကတော့ ဘယ်စနစ် လာလာ မှုမှာမဟုတ်ဘူး။ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိတဲ့ အမတ်ပဲဖြစ် ဖြစ် ပါတီပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ဘာလာ လာကိစ္စရှိမှာမဟုတ်ဘူး''ဟု ယင်း၏ အမြင်ကို ပြောသည်။

အဆိုပါ (PR)စနစ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်ပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနှင့်လည်း ကိုက်ညီမှုမရှိ သေးကြောင်း စသည့်အချက်များ ကြောင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်ထားသည်။

Credit: Democracy Today

0 comments:

Post a Comment