7.7.15

“အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေချိန် တိုက်ပွဲများ ဖြစ်

ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တပ်နှင့်လက်နက်ကိုင်အဖွဲ့များ အာရှလမ်းမကြီးပြဿနာ ဆွေးနွေးနေချိန်နှင့် တစ်ချိန်ထဲတွင် ကော့ကရိတ်မြို့အနီး၌ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်ကာ ဒေသတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဆွေးနွေးပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။
တိုက်ပွဲများရပ်တန့်ရေးအပြင် အာရှလမ်းမကြီး ပြဿနာကို ဆွေးနွေးရာတွင် အပြီးသတ် အဖြေမရှာနိုင်ခဲ့သော်လည်း မကြာခင်ပြေလည်မည်ဟု ယုံကြည်ကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် ဒီကေဘီအေအရာရှိတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့အနီးတွင်မူ ဒေသတွင်းဒီကေဘီဘေအဖွဲ့ ခြေကုတ်ယူထားသည့် ကောင်းမှုဂိတ်ကို အစိုးရတပ်မတော်က ယနေ့ နေ့လည်ပိုင်းအထိ လက်နက်ကြီးဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
Credit to>>>7Day News

0 comments:

Post a Comment