7.7.15

"ဆဲဗင်းဇူလိုင်အခမ်းအနား ဘွဲ့နှင်းသဘင်ရှေ့တွင် ကျင်းပ "


ဆဲဗင်းဇူလိုင် အခမ်းအနား ပြုလုပ်နေသော တ.က.သ ကျောင်းသားများကို ဘွဲ့နှင်းသဘင်ခန်းမရှေ့သို့ သွားရောက်ခွင့် ကို လုံခြုံရေးတပ်ဖွဲ့များက တားဆီးပိတ်ပင်ခဲ့သော်လည်း ၃နာရီ ၂၅ မိနစ်ခန့် အချိန်တွင် သွားခွင့်ပြုလိုက်ပြီ ဖြစ်သည်။

မူလက ကျောင်းသားများ ကို တ.က.သ အဆောက်အဦးတည်ရှိခဲ့ရာ မြက်ခင်းပြင်ရှေ့ မှ ဘွဲ့နှင်းသဘင်ရှေ့သို့ သွားရောက်ခြင်း မပြုရန် လုံခြုံရေးအင်အား ၁၅၀ ခန့်က တားဆီးပိတ်ပင်ထားခြင်း ဖြစ်သည်။
ယခု မွန်းလွဲ ၃ နာရီခွဲခန့် တွင် တ.က.သ ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ရှေ့တွင် ဆုတောင်းပွဲအခမ်းအနားနှင့် ဟောပြောပွဲများ ပြုလုပ်နေပြီ ဖြစ်သည်။
ယနေ့မွန်းလွဲ ၃နာရီက (၅၃)နှစ်မြောက် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားကို တက္ကသိုလ်ကျောင်းသားများ မှ အင်အား ၅၀ ခန့်ရှိ ကျာင်းသားများက ရန်ကုန်မြို့ကမာရွတ်မြို့နယ် စံရိပ်ငြိမ်မှတ်တိုင်မှ ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းရှေ့ သို့ချီတက်လမ်းလျှောက်ပြီး အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်ခဲ့ကြသည်။
ကျောင်းသားသမဂ္ဂအလံ ကိုင်ဆောင်ထားသော တကသ ကျောင်းသား ၅၀ခန့်သည် ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းရှေ့တွင် ပန်းခွေများချ၍ ၁၉၆၂ခုနှစ် ဇူလိုင်၇ရက်တွင် ကျဆုံးသွားသော ကျောင်းသားများအား အလေးပြု ဆုတောင်းခြင်းခဲ့ကြခြင်း ဖြစ်သည်။
ဆဲဗင်းဇူလိုင် အခမ်းအနားပြုလုပ်သော တကသကျောင်းသားများကို ပုဒ်မ၁၈ဖြင့် အရေးယူသွားမည်ဟု ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့ ရဲမှုးဇော်ဝင်းက ပြောကြားထားသည်။

Credit to>>>7Day News

0 comments:

Post a Comment