9.7.15

ဆောက်လုပ်ရေး၊ စွမ်းအင်နှင့်ယန္တရားပြပွဲ ကုမ္ပဏီပေါင်း ၁၀၀ ကျော်ပါဝင်ပြသမည်

မန္တလေးမြို့တွင် မိတ်ဆက်ကျင်းပသော ကွန်ဒိုပြပွဲတစ်ခုတွင် လေ့လာနေသူများကို တွေ့ရ စဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်၊မြန်မာတိုင်းမ်
နိုင်ငံတကာအဆင့်မီ ဆောက်လုပ်ရေး၊ အဆောက်အအုံအလှဆင်ခြင်း၊ စွမ်းအင်နှင့်ယန္တရားပြပွဲကို
မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၀၀ ကျော်ပါဝင်ပြသသွား
မည်ဖြစ်ကြောင်းသိရသည်။

ယခုလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ
အသင်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်
များအသင်းမှ ပံ့ပိုးမှုဖြင့်၊ C&D Group of Co.,Ltd မှ ကျင်းပ သွားမည်ဖြစ်ကြောင်း အဆိုပါ
ကုမ္ပဏီ ဒါရိုက်တာ ဒေါ်စန္ဒာက ယခုလ ၆ ရက်တွင် ပြောသည်။

"ပြပွဲကို စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်စပ်ထိတွေ့နိုင်ဖို့၊ စီးပွားရေးအခွင့်အလမ်းအသစ်တွေ
ဖော်ဆောင်ပေးနိုင်ဖို့ အထိ ရည်ရွယ်စီစဉ်နေပါတယ်။ ယူကေ၊ စင်ကာပူ၊ မလေးရှားက
ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလည်း လာပါမယ်။ ဆွေးနွေး ဟောပြောပွဲနဲ့ ကုန်ပစ္စည်း
သရုပ်ပြပွဲတွေ ပါဝင်ပါမယ်"ဟု ဒေါ်စန္ဒာက ပြောသည်။

ပြပွဲတွင် အိမ်ရာနှင့် ကွန်ဒိုတိုက်ခန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းအခြေခံနှင့် အဆင့်မြင့်
ပစ္စည်းများ၊ အဆောက်အအုံအလှဆင် ခြင်းဆိုင်ရာပစ္စည်းများနှင့် နည်းပညာများ၊ ဓာတ်လှေ
ကားနှင့် စက်လှေကားအမျိုးမျိုး၊ ရေကူးကန်များ၊ ရေချိုးခန်းသုံးပစ္စည်းများနှင့် ကြွေပြားကျောက်ပြား
များ၊ ရေဆိုးသန့်စင်စက်များ၊ အိမ်သုံး ရုံးသုံး စက်ရုံသုံး လျှပ်စစ်ပစ္စည်းများ၊ အင်ဂျင်နီယာသုံး
နည်းပညာမြင့်ပစ္စည်းများ၊ ပြည်ပမှ မီးစက်အမျိုးမျိုး၊ သတ္တု ရွှေ ကျောက်တူးဖော်ရေး ဆိုင်ရာ
ပစ္စည်းများ၊ သတ္တုမိုင်း ရွှေမိုင်း ကျောက်မိုင်းသုံးယန္တရားများ၊ ကွန်ကရစ် မွှေလောင်းစက်များ
ပါဝင်ပြသသွားမည်ဖြစ်သည်။
Credit to>>>မြန်မာတိုင်းမ်

0 comments:

Post a Comment