11.9.15

တိုက်ပွဲတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ နယ်မြေသတ်မှတ်မှုမရှိတာကြောင့်လို့ ဆို

အခုချိန်ထိအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ နယ်မြေသတ်မှတ်မှုမရှိတာကြောင့်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက
ဒေါက်တာမင်းဇော်ဦး ကပြောပါတယ်။

ဒါကြောင့် အပစ်ရပ်စာချုပ်မှာ တပ်နေရာချထားရေး ကိစ္စကို ထည့်သွင်းရေးဆွဲထားပါတယ်လို့ ၄င်းကဆိုပါတယ်။
ဒီအချက်ကို အစိုရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကလိုက်နာမှုရှိမရှိ ကို ပြည်ထောင်စုအဆင့် ၊ ပြည်နယ်အဆင့်၊ ဒေသအဆင့် စောင့်ကြည့်အဖွဲ့တွေထားရှိ ပြီးစောင့်ကြည့်သွားမှာဖြစ်ပါတယ်လို့သိရပါတယ်။
အစိုးရဘက်က လက်ခံတဲ့ KIA,KNU,CNF,SSPA,KNPP,PNLO,DKBA,NMSP,KNU(PC),ALP,ABSDF,စသဖြင့် အဖွဲ့တွေဟာ တပ်မတော်အစိုးရနဲ့တိုက်ပွဲပေါင်းများစွာဖြစ်လာတဲ့အဖွဲ့တွေဖြစ်ပြီး ကျန် အဖွဲ့တွေ ဟာအစိုးရနဲ့ တိုက်ပွဲမဖြစ်ဖူးတဲ့အဖွဲ့တွေ၊ ထိန်းချုပ်နယ်မြေမရှိတဲ့အဖွဲ့တွေ၊နယ်စပ်မှာလှုပ်ရှားတဲ့အဖွဲ့တွေ ဖြစ်တာကြောင့်တစ်ကြောင်း၊ မတရားအသင်းသတ်မှတ်ထားတဲ့အသင်းတွေမဟုတ်တာကြောင့်တစ်ကြောင်း အပစ်ရပ်လက်မှတ် ထိုးရာမှာမပါဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာမှပဲ ပါဝင်ဖို့ အစိုးရဘက်ကသတ်မှတ်တာဖြစ်တယ်လို့ သူတို့က ပြောကြပါတယ်။
''ဥပမာ ANC ဆိုတဲ့အဖွဲ့ဟာ အင်အား ၅၀လောက်ပဲရှိတယ်။ ထိန်းချုပ်နယ်မြေလည်းမရှိဘူး။ မတရားအသင်းဝင်တွေလည်းမဟုတ်ဘူး။ အစိုးရနဲ့လည်းတိုက်ပွဲလို့ပြောလို့ရတာမရှိဘူး။အဲ့ဒီတော့ bilatural လည်းမရှိဘူး။ ပြီးတော့ ကျွန်တော်တို့နဲ့ငြိမ်းချမ်းရေးတည်ဆောက်ထားတဲ့ မွန်ပြည်သစ်ပါတီက ခွဲထွက်သွားတဲ့ ဦးနိုင်ပန်းညွှန့် ဆိုတဲ့အဖွဲ့ရှိတယ်။ အင်အား၃၀၀လောက်ရှိတယ်။ သူတို့လို အဖွဲ့ကို ကျွန်တော်တို့ကထားခဲံ့ပြီး ခုနက အင်အားငါးဆယ်လောက် ရှိတဲ့ ANC အဖွဲ့ ကိုလက်ခံရင် အားလုံးပါဝင်ရေးလို့ကျွန်တော်တို့ကပြောလို့မရတော့ဘူး။ အဲ့ဒါကတစ်ချိန်မှာရှုပ်လာမှာ။ANC ထက်အင်အားများပြီးတိုက်ပွဲတွေဖြစ်ဖူးတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်''လို့ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကပြောပါတယ်။

Credit to>>>Popular News Journal

0 comments:

Post a Comment