9.11.15

ရွေးကောက်ပွဲရလဒ်များ နိုဝင်ဘာ ၉ ရက်မှစတင်ကာ သုံးနာရီခြားတစ်ကြိမ် တစ်နေ့ခြောက်ကြိမ် ကြေညာမည်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က နေ့စဉ်သတင်းစာရှင်းမည်ဟုဆို


 ရွေးကောက် ပွဲရလဒ်များကို နိုဝင်ဘာ ၉ရက်နေ့ မှစတင်ကာ သုံးနာရီခြားတစ်ကြိမ် ဖြင့် တစ်နေ့ လျှင် ခြောက်ကြိမ်ကြေ ညာသွားမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။

နိုဝင်ဘာ ၉ ရက်မှ ၁၅ရက်အ ထိ နေ့စဉ် နံနက် ၉ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီ၊ ည ၆ နာရီ၊ ည ၉ နာရီနှင့် ည ၁၁ နာရီ စသည် ဖြင့် တစ်ကြိမ်စီ ရွေးကောက်ပွဲရ လဒ်များကို ထုတ်ပြန်ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးသိန်းဦးက ''နို ဝင်ဘာ ၉ ရက်ကစပြီးကြေညာမှာ ပေါ့။ ၉ ရက်နေ့ နံနက်ပိုင်း ကတော့ သိပ်မသေ ချာသေးဘူး။ တိုင်းဒေသ ကြီးအထိ မဲရလဒ်ကတွက်ရမှာ ဆို တော့။ နိုဝင် ဘာ ၉ ရက်နေ့ နေ့ လည်ပိုင်းလောက် ကစပြီး ကြေညာ နိုင်မှာ ပါ''ဟု ပြောသည်။
ရွေးကောက်ပွဲရလဒ်များကို ရန်ကုန်နှင့် နေပြည်တော်ရှိ မီဒီယာ စင်တာများတွင် ထုတ်ပြန်ကြေညာ မည်ဖြစ်သည်။
နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်အ တွင်း နံနက် ၈ နာရီမှ ည ၈ နာရီ ထိတွင် ရန်ကုန်မြို့ရွေးကောက်ပွဲ ကော်မရှင် သတင်း အချက်အလက် ဌာန၌ မီဒီယာစင်တာထားရှိကာ ရွေး ကောက်ပွဲသတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ ထုတ် ပြန်ပေး မည်ဟု ပြည်ထောင်စုရွေး ကောက် ပွဲကော်မရှင် (UEC) က ကြေညာထားသော်လည်း ဖွင့်လှစ်နိုင် ခြင်း မရှိခဲ့ကာ နိုဝင်ဘာ ၉ ရက်မှ သာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကြေညာ ခဲ့ခြင်းဖြစ် သည်။
''ရွေးကောက်ပွဲ ရလဒ်တွေက ဒီနေ့ကြေညာနိုင်ခြင်း မရှိသေးတာ ကြောင့် မနက်ဖြန်မှဖွင့်လှစ်မှာပါ''ဟု ရန်ကုန်မြို့ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ မှ တာဝန်ရှိသူတစ်ဦးက နို ဝင်ဘာ ၈ရက် နံနက်ပိုင်းက ပြော သည်။
ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ရွေးကောက်ပွဲရလဒ် များကို ထုတ်ပြန်ကြေညာမည့် မီဒီ ယာစင်တာ ဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာ ၉ရက် မွန်းလွဲ ၃နာရီတွင် ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန် ခဲ့သည်။
နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် သတင်းစာရှင်းလင်းပွဲများကိုလည်း နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ နေ့စဉ် ညနေ ၄ နာရီတွင် ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးအနေဖြင့်ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
နေပြည်တော် UEC ရုံး တွင်မူ မီဒီယာစင်တာကို နိုဝင်ဘာ ၈ ရက် မှစ၍ ဖွင့်လှစ်ထားကြောင်း သိရ သည်။

Credit To >>> Democracy News 

0 comments:

Post a Comment