9.11.15

မြန်မာ့လူ့အခွင့်အရေး အခြေအနေမှန်များကို လက်ရှိအစိုးရအနေဖြင့်အသိအမှတ်ပြုလိုစိတ်မရှိသေးဟု မြန်မာယူပီအာဖိုရမ် ဝေဖန်



လက်ရှိသမ္မတ ဦးသိန်းစိန်၏ အစိုးရသည် ယခင် စစ်အုပ် ချုပ်ရေး ကာလများနည်းတူ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေမှန်များကို အ သိအမှတ် ပြုလုပ်စိတ် မရှိသေးကြောင်း မြန် မာယူပီအာဖိုရမ်က ထုတ်ပြန်လိုက်ပါသည်။

အောက်တိုဘာ ၆ ရက် ဆွစ်ဇာ လန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သည့် ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီ ( Universal Periodic Review-UPR) လုပ်ငန်းအဖွဲ့ ၏ မြန်မာအစိုးရ ကိုယ်စားလှယ်များ တင် သွင်းသည့် မြန်မာ့လူ့အခွင့်အရေး အခြေ အနေများ ပြန်လည် ဆန်းစစ်ခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ညီမျှခြင်းမြန်မာ၏ ညွှန်ကြားရေး မှူးဖြစ်သူ ဦးအောင်မျိုးမင်းက ''ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစား မှုတွေ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာ၊ နိုင်ငံရေး တက်ြ<ွကလှုပ်ရှားသူတွေနဲ့ လူ့အ ခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ အပေါ် မမျှတဲ့ ပြစ်ဒဏ်ချမှတ်တာ၊ လွတ် လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံတော်အဆင့် ရှေ့နေကောင်စီ မရှိတာ၊ ကျူးလွန်တဲ့ တပ် မတော်သားများ အပါအဝင် လုံခြုံရေးဝန် ထမ်းတွေအပေါ် အပြစ်ပေး အရေးယူခံရ တာကနေ ကင်းလွတ်နေတာတွေက မြန်မာ နိုင်ငံ တရားရေးစနစ်ကို အခုအချိန်ထိ စိန် ခေါ်နေဆဲပါ''ဟုဆိုပါသည်။
မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့၏ စာမျက်နှာ ၂၂ မျက်နှာပါ လူ့အ ခွင့်အရေး အစီရင်ခံစာတွင် လက်ရှိအစိုးရ လက်ထက် ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ချက်များအကြောင်းကို အကျယ်တဝင့် ဖော်ပြခဲ့သော်လည်း ထိုဖော်ပြချက်များသည် မြန်မာယူပီအာဖိုရမ် အပါအဝင် အခြားအ ဖွဲ့အစည်းများစွာ၏ အစီရင်ခံစာများတွင် ပါရှိသည့် လူ့အခွင့်အရေး အခြေအနေ စိုး ရိမ်ပူပန်မှုများအပေါ် ထင်ဟပ်သည့် ဖော် ပြချက်များ အလွန်နည်းပါးနေခဲ့သည်ဟု ပြည်တွင်းပြည်ပ လူ့အခွင့်အရေး စောင့် ကြည့်လေ့လာနေသည့် အရပ်ဖက် အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းထားသော မြန်မာ ယူပီအာဖိုရမ်က ဆိုပါသည်။
''အစိုးရ အစီရင်ခံစာထဲမှာ ဌာ နေတိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ် သက်၍ တလုံးမှ မဖော်ပြထားပါဘူး။ တိုင်း ရင်းသားတွေအတွက် ပိုစိုးရိမ်စရာ ကောင်း တာက အစိုးရ အစီရင်ခံစာထဲမှာ အမွှန်း တင်ထားသလို အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး မြင်သာတဲ့ အကောင်အထည် ဖော်မှုတွေ ရှိနေပေမဲ့ အပစ်အခတ်ရပ်စဲ ရေးစာချုပ်တွေကို လက်မှတ်မထိုးခင် အ ချိန်ကလိုဘဲ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက် လက် ဖြစ်ပေါ်နေဆဲပါ''ဟု ဌာနေတိုင်းရင်း သားများညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ် Mr. Lian Bawi Thang က ဆိုပါသည်။
လက်ရှိအစိုးရ လက်ထက် ဖြစ် ပေါ်ခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ကြောင့် သိန်းနှင့်ချီသော ပြည်တွင်းဒုက္ခသည် များ ရှိခဲ့ပြီး မကြာမီက ပြန်လည်တိုးမြင့် လာသော တပ်မတော်နှင့် ရှမ်းပြည်မြောက် ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/SSA) တိုက်ပွဲများကြောင့် အသစ်ထပ်မံ ထွက်ပြေး တိမ်းရှောင်နေသော ဒေသခံပြည်သူပေါင်း ၆ဝဝဝ ကျော်ရှိနေသည့် အခြေအနေသည် အစိုးရနှင့် တပ်မတော်၏ စစ်မှန်သော ငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ် ထားရှိသော တာ ဝန်ယူမှုနှင့် ရိုးသားမှုအပေါ် များစွာစိုးရိမ် မှုများဖြစ်စေကြောင်း မြန်မာယူပီအာဖိုရမ် က ဆိုပါသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment