9.11.15

မြန်မာ့ရွေးကောက်ပွဲ နှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏သဘောထား ထုတ်ပြန်ချက်

နိုဝင်ဘာ ၈ ရွေးကောက်ပွဲအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများကို ချီးကျုးဂုဏ်ပြုလိုက်ပြီး ငြိမ်းချမ်းသော သမိုင်းဝင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတွင်းရှိ ပြည်သူအားလုံးနှင့် အဖွဲ့အစည်းများအားလည်း ချီးကျုးဂုဏ်ပြုလိုက်ပါသည်။
နိုင်ငံတဝန်းရှိ ပြည်သူသန်းပေါင်းများစွာအနက်မှ အမြာက်အမြားသည် အားလုံး၏အခွင့်အရေးများကို လေးစားသည့် ဒီမိုကရေစီတစ်ရပ်ဆီသို့ ရှေ့တစ်လှမ်းတိုးစေနိုင်မည့် မိမိတို့၏အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ပထမဦးဆုံးအကြိမ်အဖြစ် မဲပေးခဲ့ကြခြင်းဖြစ်ပါသည်။ ယင်းမှာ မြန်မာပြည်သူတို့ ဆယ်စုနှစ်ပေါင်းများစွာ ပြသခဲ့သည့် သူရသတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှုများ၏ သက်သေပင်ဖြစ်ပါသည်။
ဤရွေးကောက်ပွဲသည် ရှေ့တစ်လှမ်းတိုးရန် အရေးကြီးသောအဆင့်ဖြစ်ပင်ဖြစ်သော်လည်း ပကတိပြီးပြည့်စုံရန်အတွက်မှု အလှမ်းဝေးနေသေးသည်ဟု ဆိုနိုင်ပါသည်။ ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ လွှတ်တော်တွင်စစ်တပ်အတွက် နေရာများ ထားရှိခြင်း၊ ရိုဟင်ဂျာအပါအဝင် ယခင် ရွေးကောက်ပွဲများတွင် မေးပေးခွင့်ရှိခဲ့သော်လည်း ယခုအခါတွင် မဲပေးခွင့်ရုပ်သိမ်းခံခဲ့ရသည့် လူအုပ်စုများ ရှိနေခြင်း၊ နိုင်ငံသားဖြစ်မှု စိစစ်ရွေးချယ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်နှင့် နေရာအတည်တကျ နေထိုင်မှုဆိုင်ရာ လိုအပ်ချက်များကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အပယ်ခံရခြင်းတို့အပါအဝင် အရေးကြီးသော ဖွဲ့စည်းပုံဆိုင်ရာများနှင့် စနစ်တကျစီစဉ်ထားသော အဟန့်အတားများကျန်ရှိနေသေးသည့်အတွက် ပြည့်ဝသော ဒီမိုကရက်တစ်နှင့် အရပ်သားအစိုးရအဖြစ် အကောင်အထည်ဖော်ရန်အတွက် လိုအပ်နေပါသေးသည်။
ပြည်တွင်းနှင့်နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အနီးကပ် စောင့်ကြည့်ခဲ့ပါသည်။ မဲရေတွက်ခြင်းကိုလည်း ဆက်လက်၍ စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ မဲရေတွက်ခြင်းသည် ပွင့်လင်းမြင်သာ၍ မှန်ကန်မှုရှိရန်၊ တိုင်ကြားချက်များကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် လျော်ကန်သည့်နည်းလမ်းဖြင့် မှန်မှန်ကန်ကန် ဖြေရှင်းပူးပေါင်း ကူညီဆောင်ရွက်သွားရန် ပါတီများအားလုံးကို တိုက်တွန်းပါသည်။
ယနေ့ရွေးကောက်ပွဲသည် မြန်မာပြည်သူလူထုအတွက် မဟာငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးနှင့် ဒီမိုကရေစီ အဆင့်တစ်ခုဆီသို့ လှမ်းချီ ရန် အလားအလာကောင်းများ ရှိနေပါသည်။ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့် နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင် ဖန်တီးရန်အတွက် ညီညွတ်သောစိတ်ဓာတ်ဖြင့် အတူအကွ ပူးပေါင်းဆောင်ရွက်သွားကြရန် ပါတီခေါင်းဆောင်များအားလုံးကို မိမိတို့တိုက်တွန်းပါသည်။ ယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲဖြစ်စဉ်နှင့် အားလုံးခြုံသော နိုင်ငံရေးအသွင်ကူးပြောင်းရေးတွင် ပြည်သူလူထုအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ယုံကြည်စိတ်ချရမှုတို့ကို ထိန်းသိမ်းထားရန်အတွက် ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းသောကာလတစ်ခုသည် လွန်စွာအရေးပါလှပါသည်။ ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ ဆက်လက် အကောင်အထည်ဖော်ရန်အတွက် မြန်မာပြည်သူလူထုအားဆက်လက်အားပေးကူညီသွားရန်အတွက် အမေရိကန်ပြည်ထောင်စုက အခိုင်အမာဆုံးဖြတ် ထားရှိပါသည်။

Credit To >>> NewsWatch News

0 comments:

Post a Comment