5.11.15

ရန်ကုန်-ဒလတံတားစီမံကိန်း နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာ-ကိုရီးယား စာချုပ်ချုပ်ဆိုမည်


ရန်ကုန်-ဒလတံတားတည်ဆောက် ရေးစီမံကိန်းအတွက် နိုဝင်ဘာ ၁၄ရက် တွင် မြန်မာ-ကိုရီးယား စာချုပ်ချုပ်ဆို မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ သိရသည်။

အဆိုပါနေ့တွင် တံတားတည် ဆောက်ရေးအတွက် ကိုရီးယားနိုင်ငံမှ
ချေးငွေပေးအပ်ရန် နှစ်ဖက်အစိုးရ စာ ချုပ်လက်မှတ်ထိုးမည်ဖြစ်ကြောင်း သိ ရသည်။

''၁၄ ရက်မှာ နှစ်ဖက်အစိုးရစာ ချုပ်ချုပ်ဆိုမှာပါ။ ချေးငွေက အမေရိကန် ဒေါ်လာသန်း ၁၃ဝ လောက်ဖြစ်ပါတယ်'' ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးကျော်လင်းက ပြော သည်။

အဆိုပါ ဒလတံတားစီမံကိန်းမှာနိုင်ငံတော်သမ္မတ၏ ကိုရီးယားနိုင်ငံခရီး စဉ်အတွင်း သဘောတူညီမှုရရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

''စီမံကိန်းကို ဒီနှစ်ကုန်မှာစတင် နိုင်လောက်ပါတယ်။ တံတားစီမံကိန်း
ဒီဇိုင်းတွေ၊ တည်ဆောက်မှုတွေကို ကို ရီးယားကတာဝန်ယူမှာပါ''ဟု ယင်းက ပြောသည်။

ချေးငွေအတိုးနှုန်းမှာ ဝဒသမ ၁၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၅နှစ်၊ ပြန် ဆပ်ကာလ ၂၅ နှစ်သတ်မှတ်ကာ တစ် နှစ်လျှင် နှစ်ကြိမ်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တံတားစီမံကိန်းအ တွင်းပါဝင်လျက်ရှိသည့် သာသနိကအ ဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဈေးဆိုင်များ၊ အိမ်များပြောင်းရွှေ့ခြင်း၊ လျော်ကြေးပေးအပ်ခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ အဆို ပါ ရန်ကုန်-ဒလမြစ်ကူးကြိုးတံတားအား ၂ဝ၁၉ ခုနှစ်တွင်ပြီးစီးရန် ရည်ရွယ်ထား ကြောင်း သိရသည်။

''ကန်ဒေါ်လာ ၁၃၈သန်းကို တံ တားတည်ဆောက်ရေးမှ အသုံးပြုသွား မှာပါ။ သင်္ဘောတွေသွားလာနိုင်ဖို့အ တွက်လဲ တွက်ချက်ပြီးတည်ဆောက်သွား မှာပါ''ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ အကြီးတန်းအရာ ရှိတစ်ဦးက ပြောသည်။

သင်္ဘောကြီးများသွားလာနိုင်ရန် မြစ်ကူးကြိုးတံတားအား ရေလမ်းကင်း လွတ်အမြင့်ပေ ၁၆ဝနှင့် ရေလမ်းကင်း လွတ်အကျယ် ၈၂၃ပေ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

''တံတားနဲ့အတူ ရေပိုက်လိုင်းတွေ လဲထည့်သွင်းသွားမှာပါ။ တံတားတည် ဆောက်ပြီးသွားရင်တော့ ဒလဘက်ခြမ်း မှာကြုံတွေ့နေရတဲ့ ရေရှားနေတဲ့ပြဿ နာတွေ ပြေလျော့သွားမှာပါ''ဟု ယင်း ကပြောသည်။

ရန်ကုန်-ဒလသို့ နေ့စဉ်ကူးလူးသွား လာနေသူ သုံးသောင်းခန့်ရှိကြောင်း သိ ရသည်။

''တံတားကိုအမြန်ဆုံးတည်ဆောက် စေချင်ပါတယ်။ ရေကြောင်းကနေ သွား ရလာရ သိပ်အဆင်မပြေပါဘူး။ တံတား စပြီးတည်ဆောက်မယ်ဆိုကတည်းက မျှော်လင့်ခဲ့တာ''ဟု ရန်ကုန်- ဒလအား နေ့စဉ်သွားလာကာဈေးရောင်းသူ ဒေါ် ခင်အေးက ပြောသည်။

အဆိုပါ ရန်ကုန်-ဒလမြစ်ကူးတံ တားသည် ၂ဝ၁၃ ခုနှစ်အတွင်းဆောက် လုပ်မည့်စီမံချက်ရှိခဲ့သော်လည်း ငွေ ကြေးမလုံလောက်မှုကြောင့် ၂ဝ၁၄ နှစ် လယ်ပိုင်းတွင် ရပ်တန့်ခဲ့သည့်တံတား ဖြစ်ပြီး စတင်တည်ဆောက်ရန် သတင်း ထွက်ပေါ်ချိန်၌ မြေအောက်ဥမင်လိုဏ် ခေါင်းကားလမ်းများပါဖောက်လုပ်ရန် ပါဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိတည်ဆောက်မည့်တံတား အရှည်မှာ ၂၂၄၃ မီတာရှည်လျားပြီး စီမံ ကိန်းကာလအား ငါးနှစ်သတ်မှတ်ထား ကြောင်း သိရသည်။

တံတားအား ရန်ကုန်မြို့ ဘုန်းကြီး လမ်း၊ ကမ်းနားလမ်းတို့အားဖြတ်ကာ ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းထိပ် အထိ ဆက်သွယ်တည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment