5.11.15

နိုဝင်ဘာ (၆)ရက် အပြီးဖြုတ်သိမ်းရမည့် ပါတီစည်းရုံးရေး အမှတ်တံဆိပ် များထဲတွင် ကား နှင့် ဆိုက်ကားပေါ်ရှိ အလံ နှင့် စတစ်ကာလည်း အကျုံးဝင်


-နိုဝင်ဘာ ၆ ရက် အပြီးဖြုတ်သိမ်းရမည့် ပါတီစည်း ရုံးရေးဆိုင်ရာ အမှတ်တံဆိပ်များထဲတွင် ကားနှင့် ဆိုက်ကားများတွင်တပ် ဆင်ထားသော အလံနှင့် စတစ်ကာများလည်း အကျုံးဝင်ကြောင်းသိရသည်။
''ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြုလုပ်ထားတဲ့ လက္ခဏာရှိ တဲ့ အရာတွေအားလုံးအကျုံးဝင်တယ်။ ပါတီစည်းရုံးရန်အလို့ငှာ အကုန် အကျုံးဝင်တယ်။ အလံ၊ အကျÐ၊ တံဆိပ် စတဲ့အရာတွေကို စည်းရုံးရေး ကာလမှာ စည်းရုံးရန် လုပ်ထားတဲ့အရာတွေဖြစ် လို့ ပါဝင်ပါ တယ်။ တစ်ခု တော့ရှိတယ်။
မဲဆွယ်စည်းရုံးရေးမတိုင်ခင်ကရှိတဲ့အရာမျိုးတွေ၊ ဥပမာ ပါတီဆိုင်းဘုတ်၊ ပါတီအလံ၊ ဒါတွေကတော့မပါဘူးလေ။ ဒါကကြည့်ရင် လူတိုင်းသိပါတယ်။ စည်းရုံးရေးကာလမှာလုပ်တဲ့အရာလား၊ နဂိုကတည်းက ရှိတဲ့အရာလား ဆိုတာ''ဟု ရန်ကုန်တိုင်းဒေသ ကြီးရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲမှ အရာရှိ ဦးခင်ဇော်ထွန်း ကပြောကြား သည်။
နိုဝင်ဘာ ၆ ရက်တွင် အပြီးသတ် ဖြုတ်သိမ်းရမည်ဖြစ်သော ပါတီအလံ၊ စတစ်ကာများ၊ ပါတီနှင့် သက်ဆိုင် သည့်အရာများကို ပါတီထောက်ခံသူ များ ဆက်လက်အသုံးပြုပါက မိမိ ထောက်ခံအားပေးသော ပါတီအား ထိခိုက်နိုင်သောကြောင့် ကိုယ်ပိုင်အ သိဖြင့် ထိန်းသိမ်းကြရန်လိုကြောင်း နိုင်ငံရေးပါတီများမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့မှ ဦးရဲမင်းဦးက ''ပါတီအနေနဲ့ မဲရုံနဲ့ ကိုက် ၅၀၀ အ တွင်းမှာ ရည်ရွယ်ချက်ရှိရှိ စည်းရုံး လှုပ်ရှားမှုလုပ်ရင် ရွေးကောက်ပွဲကော် မရှင် ဥပဒေအရ အရေးယူလို့ရပါ တယ်။ ကျွန်တော်တို့ပါတီက နိုဝင် ဘာ ၅ ရက်နဲ့ ၆ ရက်အတွင်းမှာ ကမ် ပိန်းလုပ်ထားတဲ့ဟာတွေ အပြီးဖြုတ် သိမ်းရမယ်လို့ ကြေညာချက်ထုတ်ထား ပြီးသားပါ။ ဒါပေမဲ့ မသမာသူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်မှုတွေ ရှိရင်တော့ သူတို့မှာပဲတာဝန်ရှိပါတယ်။ ပါတီမှာတာဝန်မရှိပါဘူး။ ဒါပေမဲ့ ပါတီ ကတော့ တရားဥပဒေအရ ဖြေရှင်း ရမှာပေါ့။ သက်သေသာဓကတွေ နဲ့ပေါ့။ ဒီလိုရွေးကောက်ပွဲကာလမှာ ဒီလို ပြဿ နာတွေ မဖြစ်အောင် ကျွန်တော် တို့ပါတီမှာ ညွှန်ကြားချက်ထုတ်ထား ပြီးသားပါ။ ပါတီဝင်တွေအား လုံးသိ နေကြပါတယ်။ လူမှုစာမျက်နှာ မှာ လည်း အသိပညာပေး ထားပြီးသားပါ။ ဒါပေမဲ့ ပါတီဝင်မဟုတ်တဲ့ပါတီကို ယုံကြည်တဲ့သူတွေ၊ သဘောကျ သူတွေ ကတော့ သူထောက်ခံတဲ့ပါတီရဲ့တံ ဆိပ်တွေ၊ အလံတွေတပ်ကြတာတော့ သူ့လွတ်လပ်ခွင့်ဖြစ် လို့ ပြောလို့မရပါ ဘူး။ ဒါက ဘယ်ပါတီမဆိုအတူတူပါ ပဲ။ ကြိုက်လို့ထောက်ခံတာကိုတော့ သွားပြောလို့မရပါဘူး။ ဒါပေမဲ့ ရ ရက် နဲ့ ၈ ရက်မှာ ပါတီအလံတွေကို လိုက် လံဝှေ့ယမ်းပြီးလုပ်တာမျိုးတွေကတော့ ကော်မရှင်ကနေ ဥပဒေအတိုင်း အ ရေးယူမှုတွေ ပြု လုပ်ကြမယ်ထင်ပါ တယ်။ ဒါကတော့ သူတို့အပိုင်းဖြစ် သွားပါပြီ''ဟု သုံးသပ်ပြောသည်။
မြန်မာနိုင်ငံအနှံ့တွင် မိမိထောက် ခံသောပါတီ၏ အမှတ်တံဆိပ်များ ကို တပ်ဆင်မှုများကြပြီး အထူးသဖြင့် မြို့ကြီးများရှိ ကားနှင့် ဆိုက်ကားများ တွင် ၎င်းတို့ထောက်ခံသော ဒီချုပ် ပါတီ၏ အလံနှင့်စတစ်ကာများ တပ် ဆင်ထားကြသည်။
''ကမ်ပိန်းနဲ့ ပတ်သက်တာ အ ကုန်ဖြုတ်ရမယ်ဆိုရင် အကုန်အကျုံး ဝင်လိမ့်မယ်။ ပါတီရဲ့မဲဆွယ်စည်းရုံး ရေးသဘောမျိုးနဲ့ လုပ်ဆောင်ထား တာတွေကို ဆက်လက်အသုံးပြုနေ မယ်ဆိုရင်တော့ တွေ့ရှိရင်မှတ်သား တင်ပြရင် ကော်မရှင်ကမေးမြန်းစုံ စမ်းလိမ့်မယ်ထင်ပါတယ်။ ကျွန်တော် တို့ပါတီကတော့ မဲဆွယ်စည်းရုံးရေး နဲ့ ပတ်သက်တာတွေကို ၅ ရက်နေ့မှာ အပြီးသတ်ဖြုတ် သိမ်းဖို့၊ လုပ်ဆောင် ဖို့မှာထားပါတယ်။ ရပ်ဝေးကိုလည်း သတိပေးပြောကြားထားပါတယ်။ ၆ ရက်နေ့မှဆို မမီတာတွေ၊ မပြီးတာ တွေဖြစ် မှာစိုးလို့ပါ။ တချိှု့ Supporter တွေကျတော့ လုပ်ချင်တာ လုပ်မယ်။ သေချာနားလည်ထားခြင်းမရှိဘူး။ အင်အားကြီး တယ်ဆိုပြီး လုပ်ချင်တာ လုပ်လို့ရမယ်လို့ထင်နေတဲ့ ပုဂ္ဂိုလ်မျိုး တွေရှိနိုင်တယ်။ သတိပေးချက်တွေ ကိုလည်းလျစ်လျူရှု မယ်။ ဒါတွေက ရှိနိုင်ခြေများပါ တယ်''ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောကြားသည်။
''ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အမိန့် အမှတ် ၁/၂၀၁၄ မှာ ဘယ်လို မဲဆွယ်စည်းရုံးတာတွေ လုပ်ရမယ်ဆိုတာ ပါပါတယ်။ အကျုံး မဝင်တဲ့ စာရွက်စာတမ်းဖြန့်ဝေမှုတွေ၊ အလံထောင်မှုတွေက ရွေးကောက် ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ ဥပ ဒေတွေကိုလိုက်နာတာလား၊ မလိုက် နာတာ လား။ ဒါတွေက မေးမြန်းစရာ ရှိပါတယ်။ အဲဒီအလံတွေ၊ စတစ်ကာ တွေကတော့ သတ်မှတ်ချက်ထဲတောင် မပါမှတော့ ပြော စရာတောင် မလိုပါ ဘူး။ အဲဒီအလံတွေ၊ စတစ်ကာတွေ ကို မြို့နယ်အောင် နိုင်ရေး အဖွဲ့တွေ ကတောင် ရောင်းချနေ တာပဲ။ ရွေး ကောက်ပွဲမှာ မဲနိုင်ရုံနဲ့မရပါဘူး။ တ ရားမဲ့ပြုကျင့်တာတွေ၊ ဥပဒေ၊ နည်း ဥပဒေတွေကို လိုက်နာတာတွေက လည်းရှိပါသေးတယ်။
ဒါတွေဟာ ရွေး ကောက်ပွဲပြီးရင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဖွဲ့စည်းမယ့် ခုံရုံးတွေမှာ ရှင်းရမယ့်ကိစ္စတွေပါ။ ၄၅ ရက်အတွင်းမှာ ကန့်ကွက် ရင် ခုံရုံး ကစစ်ဆေးဆုံးဖြတ်လိမ့်မယ်''ဟု အ မျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် က ပြောကြားသည်။

Credit To >>> Democracy News 

0 comments:

Post a Comment