6.11.15

မဲရုံအတွင်း မည်သူ့ကိုမျှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခွင့် မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်ထုတ်ပြန်


  ရွေးကောက်ပွဲ နေ့တွင် မဲဆန္ဒရှင်များ၏ လျှို့ဝှက် ဆန္ဒမဲပေးခြင်းကို မထိခိုက်စေရန်အတွက် မဲရုံအတွင်း မည်သူ့ကိုမျှ ဓာတ် ပုံ၊ ဗီဒီယိုရိုက်ခွင့်မပြုကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် က နိုဝင်ဘာ ၅ ရက် ရက်စွဲဖြင့် ထုတ် ပြန်ကြေညာလိုက်သည်။
မဲဆန္ဒရှင်များ၊ ပြည်တွင်းပြည် ပမီဒီယာများ၊ ပြည်တွင်းပြည်ပ စောင့် ကြည့်လေ့လာသူများအနေဖြင့် မဲရုံ အတွင်း ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခွင့် ပြုသွားမည်မဟုတ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီဒီယာသမားများအနေဖြင့် မဲ ရုံအတွင်းဝင်ရောက်ပြီး ဓာတ်ပုံရိုက်ခွင့်ရရှိမည်မဟုတ်ဘဲ မဲရုံပရဝဏ်အတွင်းတွင်သာ ရိုက်ကူးနိုင်မည်ဖြစ် ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးသောင်းလှိုင် က ''အဓိကကတော့ မဲဆန္ဒရှင်တွေရဲ့ လျှို့ဝှက်စွာမဲပေးစနစ်ကို ထိခိုက်မှာ စိုးလို့ပါ။ ကင်မရာတွေမှာ Zoom တွေ ပါတဲ့အခါကျတော့ Zoom ဆွဲရိုက် ခြင်းဖြင့် မဲဆန္ဒရှင်တွေရဲ့ လျှို့ဝှက်ဆန္ဒ မဲပေးခြင်းကို ထိခိုက်မှာစိုးလို့ပါ။ မဲရုံ ထဲမှာ လုံးဝရိုက်ခွင့်မပေးဘူး။ မဲရုံ ပရဝဏ်ထဲကနေ ရိုက်လို့တော့ရတယ်'' ဟု ပြောသည်။

ပြည်တွင်းပြည်ပ လေ့လာစောင့် ကြည့်သူများ၏ မဲရုံအတွင်း လေ့လာ မှုအား လျှို့ဝှက်မဲပေးမှုစနစ်ကိုထိခိုက် မှုမရှိစေရေး မဲရုံမှူးမှဆောင်ရွက်ရန် လည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

မဲရုံအတွင်း ဓာတ်ပုံရိုက်ကူးပါ က မည်ကဲ့သို့ အရေးယူရန်နှင့်ပတ် သက်ပြီး ညွှန်ကြားထားခြင်းမရှိသေး ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ချို က ပြောသည်။

Credit To >>>> Yangon Media Group

0 comments:

Post a Comment