6.11.15

ရွေးကောက်ပွဲကာလ၌စောင့်ကြည့်မည့်သူများအား မြန်မာဒေသအနှံ့သို့ အီးယူအဖွဲ့ ထပ်မံစေလွှတ်


ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (EU EOM) သည် ရွေးကောက်ပွဲကာလ ၌ လေ့လာစောင့်ကြည့် မည့်သူ ၆၂ ဦး ကို နိုဝင်ဘာ ၅ ရက်တွင် ပြည်နယ် နှင့် တိုင်းဒေသကြီးများသို့ ထပ်မံ စေ လွှတ် လိုက်ကြောင်း သိရသည်။

ယခုအကြိမ်သွားရောက်သည့် အဖွဲ့ သည် တတိယ အကြိမ်မြောက် ဖြစ်ပြီး မြန်မာ နိုင်ငံ အနှံ့တွင်ရောက်ရှိ နေသည့် ဥရောပသမဂ္ဂမှ စေလွှတ် ထားသည့် ကာလရှည်ရွေးကောက် ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ နှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ် ကြောင်းသိရသည်။
EU EOM အဖွဲ့၏ လေ့လာ ရေးမှူးချုပ် Alexander Graf Lambsdorff က '' EU EOM က လေ့ လာသူတွေဟာ မဲရုံတွေဖွင့်တဲ့ အချိန် ကစလို့ ပိတ်တဲ့အချိန်အထိ မဲရုံပေါင်း များစွာကို သွားကြည့်မှာဖြစ်ပေမယ့် မဲပေးတဲ့လုပ်ငန်းစဉ်ကို ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ အဲဒီနေရာ တွေ မှာ သူတို့က မဲပေးပုံဘယ်လိုလုပ် ဆောင်တယ်ဆိုတာကို ကြည့်ရှုပြီး မှတ်တမ်းယူဖို့ ရောက် ရှိနေတာဖြစ် ပါတယ်'' ဟုပြောကြားခဲ့သည်။
EU EOM အဖွဲ့၏ ရွေးကောက် ပွဲသုံးသပ်ချက်တွင် ဥပဒေမူဘောင် များ၊ ရွေးကောက်ပွဲ စီမံအုပ်ချုပ် ဆောင်ရွက်မှုများ၊ ကိုယ်စား လှယ် လောင်း များနှင့် နိုင်ငံရေးပါတီများ ၏ မဲဆွယ်လှုပ်ရှားမှုများ၊ မီဒီယာ များ၏ လုပ်ကိုင်ဆောင်ရွက်ချက်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲ စာရင်းသွင်းခြင်း ရလဒ်များ၊ ရွေး ကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ နှင့် ဆက်စပ်သည့် ဖြေရှင်းဆုံးဖြတ်မှု စသည့်အချက်များ ထည့်သွင်းဖော် ပြ သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအဖွဲ့ သည် ရွေးကောက်ပွဲ နေ့တွင် ဥရောပသမဂ္ဂမှ လေ့လာသူ ပေါင်း ၁၅၀ ကျော်ဖြင့် စောင့်ကြည့် လေ့လာ သွားမည်ဖြစ်ကြောင်းသိရ သည်။
ယင်းအဖွဲ့၏ ပဏာမအစီရင် ခံစာကို ရွေးကောက်ပွဲအပြီး နှစ်ရက် အကြာတွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို နောက် ပိုင်းတွင် ထပ်မံထုတ်ပြန်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါအဖွဲ့သည် ရွေးကောက် ပွဲ လေ့လာစောင့်ကြည့်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်နှင့် နားလည်မှု စာချွန်လွှာလက် မှတ်ရေးထိုးထားပြီး နိုင်ငံတကာ ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကြေညာစာတမ်းနှင့် လုပ်ထုံးလုပ် နည်းကျင့်ဝတ်များနှင့်အညီ စောင့် ကြည့်သွားမည်ဖြစ်သည်။

Credit To >>> Democracy News 

0 comments:

Post a Comment