21.1.16

တာဝန်ပြီးဆုံးပြီးနောက် ပါတီနိုင်ငံရေး ဆက်လုပ်၊ မလုပ် သမ္မတဦးသိန်းစိန် မဆုံးဖြတ်ရသေး

 သမ္မတဦးသိန်းစိန် အနေဖြင့် သမ္မတသက်တမ်းတာ ဝန်ပြီးဆုံးချိန်တွင် ပါတီနိုင်ငံရေး ဆက်လက်လုပ်ဆောင်ရန် မဆုံး ဖြတ်ရသေးကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။

ဇန်နဝါရီ ၁၉ ရက်က နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းနှင့် 7Day Daily သတင်းစာ တို့ သီးသန့်တွေ့ဆုံမှု၌ သမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတသက် တမ်းကုန်ဆုံးချိန်တွင် ပါတီနိုင်ငံ ရေးဆက်လက်လုပ်ဆောင်ရန် ရှိ၊ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒါတော့ လောလောဆယ် သမ္မတကြီးလည်း မဆုံးဖြတ်ရ သေးဘူး။ ပါတီမှာလည်း လော လောဆယ်ကတော့ သမ္မတကြီး က ပါတီဥက္ကဋ္ဌပဲ။အဲဒီတော့ သမ္မတကြီးဆက်လုပ်မယ်ဆိုလည်း ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးမယ်ဆိုလည်း ရွေးလို့ရတာပဲ’’ ဟု ဝန်ကြီး ဦး အောင်မင်းက ဆိုသည်။

ဆက်လက်၍ ဝန်ကြီး ဦး အောင်မင်းက ‘‘သမ္မတကြီး ဆက် မလုပ်တော့ဘူးဆိုလည်း နောက် တစ်ယောက်ဖြစ်မှာပေါ့။ အခု လောလောဆယ်ကတော့ ပါတီ ကိစ္စက လှုပ်လှုပ်ရှားရှား ဘာမှမရှိသေးဘူး။ အဲဒီဘက်ကို လှည့်မကြည့်နိုင်သေးဘူး’’ ဟု ဆိုသည်။

လက်ရှိ အာဏာရ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဋ္ဌသည် သမ္မတ ဦး သိန်းစိန်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတတာ ဝန်ထမ်းဆောင်နေစဉ် ပါတီရေး ရာများကို မလုပ်ဆောင်ရသဖြင့် ဦးဌေးဦးက ပူးတွဲပါတီဥက္ကဋ္ဌအ ဖြစ် တာဝန်ယူထားသည်။ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ၏ငါး နှစ် သက်တမ်းသည် လာမည့် မတ်လ ၃၀ ရက်တွင် သက်တမ်းကုန် ဆုံးမည်ဖြစ်သည်။

ပါတီတွင်း ကိစ္စရပ်များကို ဆွေးနွေးနိုင်ရေးအတွက် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲအပြီး ပထမ ဦးဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် က ကျင်းပခဲ့သော ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။


Credit To >>> 7Day News Journal

0 comments:

Post a Comment