21.1.16

ဖားကန့်ရောက်နေသော ယာဉ်နှင့်စက်ယန္တရားကြီးများကို ကညနက မှတ်ပုံတင်ပြုလုပ်ပေးမည်ဟုဆို

ကချင်ပြည်နယ် ဖားကန့်သို့ ရောက်ရှိနေသည့် ယာဉ်များအပါအ ဝင် ယန္တရားများအား ကညနမှမှတ်ပုံ တင်ခြင်းကိုခွင့်ပြုဆောင်ရွက်ပေးတော့ မည်ဖြစ်ကြောင်း နေပြည်တော် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

လက်ရှိ ယင်းဒေသသို့ရောက်ရှိ နေသောယန္တရားများနှင့်ယာဉ်များကို ကညနအခွန် FOB (Free On Board) သင်္ဘောပေါ်ရောက်တန်ဖိုး၏ ငါးရာ ခိုင်နှုန်းကောက်ခံပြီး မှတ်ပုံတင်ပြုလုပ် ပေးမည်ဟု နေပြည်တော် ကညနမှ သိရသည်။

၂ဝ၁၃ ခုနှစ်နောက်ပိုင်းတွင် မှတ် ပုံတင်ခွင့်ပြုလုပ်ရာ၌ ပြည်ပတင်သွင်း ယာဉ်အုပ်စုတွင် လူစီးယာဉ်၊ ခရီးသည် တင်ယာဉ်၊ ကုန်တင်ယာဉ်ဟူ၍ အုပ်စု သုံးစုသာ ခွဲခြားထားပြီး ယန္တရားများ မပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ဖားကန့်၌ရောက်ရှိ နေသောယန္တရားများနှင့်ပတ်သက်၍ အခွန်စည်းကြပ်ရန်စီစဉ်ခဲ့သည့်အခါ ယင်းယာဉ်များအား ပြည်ပတင်သွင်း ယာဉ်ဟုမသတ်မှတ်ဘဲ ပြည်ပတင်သွင်း ယန္တရားဟုသတ်မှတ်ကာ FOB ငါးရာ ခိုင်နှုန်းသတ်မှတ်ကောက်ခံ၍ မှတ်ပုံ တင် ပြုလုပ်ပေးမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဖားကန့်မြို့ နယ် ဆိပ်မူကျေးရွာအုပ်စု NLD ဥက္ကဋ္ဌ ဦးရွှေသိန်းက ''ကုမ္ပဏီတစ်ခုကို မြေစာ သယ်ကားဘယ်နှစီး စသဖြင့် အကန့်အ သတ်ဆိုတာ ရှိရမှာဖြစ်ပါတယ်။ ဥပမာ- ကုမ္ပဏီတစ်ခုကို ဖြည့်ဆည်းသတ်မှတ် ထားတာ အစီး ၂ဝ ရှိရင် နိုင်ငံတော်က စိစစ်ခွင့်ပြုရမှာဖြစ်တယ်။ အကန့်အ သတ်ရှိတာကနေပြီး မှတ်ပုံတင်လုပ်မ ထားလို့ လုပ်တယ်ဆိုရင် လက်ခံနိုင်ပါ တယ်။ အဲလိုမဟုတ်ဘဲနဲ့ ဘယ်လောက် ပဲပိုပို၊ ဘယ်နှစီးပဲရှိရှိ မှတ်ပုံတင်လုပ် ပေးမယ်ဆိုရင်တော့ ဒါဟာ ထိပ်စီးပိုင်း က ဖောက်တယ်လို့ ပြောရမှာပါ။ ရိုး သားမှုမရှိဘူးလို့ယူဆတယ်''ဟုဆိုသည်။

ဖားကန့်ဒေသအတွင်း တရားမ ဝင်ရောက်ရှိနေသည့် ယာဉ်၊ ယန္တရား အရေအတွက်ကို အတိအကျမသိရှိသော် လည်း ကုမ္ပဏီပေါင်းရာနှင့်ချီရှိကာ ဝ လူမျိုးများပိုင်သည့် ဟုန်ဖကုမ္ပဏီတစ်ခု တည်းမှာပင် ကြီးမားသည့် ဘတ်စ်ဖိုး ကားများနှင့် မြေစာသွန်ကားအားလုံး ပေါင်း ရာဂဏန်းခန့်ရှိနေကြောင်း ယင်း က ခန့်မှန်းပြောဆိုသည်။

နေပြည်တော် ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''အရင်က ပြည်ပတင်သွင်း ယာဉ်အုပ်စုထဲမှာ ယန္တရားမပါပါဘူး။ ၂ဝ၁၂ ခုနှစ်မတိုင်ခင်ကတော့ ယန္တရား တွေပါခဲ့ပေမယ့် နောက်ပိုင်းမှာ လူစီး ယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင် ယာဉ်ဆိုပြီး အုပ်စုသုံးစုပဲခွဲထားပါတယ်။ ဒါပေမဲ့ ရောက်ရှိလာတဲ့ ယန္တရားတွေ ကိုအခွန်စည်းကြပ်ဖို့ လိုအပ်လာတဲ့အ ခါမှာ ပြည်ပတင်သွင်းယန္တရားလို့သတ် မှတ်ပြီး င်္ဥြ ငါးရာခိုင်နှုန်းကောက်ခံ ပြီး မှတ်ပုံတင်ပြုလုပ်ပေးမှာဖြစ်ပါတယ်'' ဟု ရှင်းလင်းပြောသည်။

အဆိုပါယန္တရားများမှာ Offroad ဖြစ်သည့်အတွက် ဖောင်ြး<ွကနံပါတ်ပြား တပ်ဆင်ပေးမည်မဟုတ်ဘဲ ယာဉ်ဘော် ဒီတွင် သင်္ဘောဆေးဖြင့် ရေးမည်ဖြစ် ကြောင်းသိရပြီး ယာဉ်များကို အက္ခရာ အနေဖြင့် စက်ပစ္စည်းဖြစ်သဖြင့် စက၊ စခ၊ စဂ စသည့်အက္ခရာများနှင့် သတ် မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင်အသုံးပြုနေသည့် စက်ယန္တရားများ စစ်ဆေးမှတ်ပုံတင် ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှစေလွှတ် သည့် သတ္တုတွင်း၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက် ခွန် စသည့်ဌာနများမှ အဆင့်မြင့်အရာ ရှိ အယောက် ၂ဝ ကျော်ရှိနေကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

တရုတ်- မြန်မာနယ်စပ် ကန်ပိုက် တီးနယ်စပ်ကုန်သွယ်ရေးစခန်း၊ မန္တလေး၊ ရန်ကုန် စသည့်လမ်းကြောင်းများမှ တရားမဝင်တူးဖော်ရေးယာဉ်၊ စက်ယန္တ ရားများ ဖားကန့်သို့သယ်ယူနေသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ပိုင်း ယခုကဲ့သို့ ကွင်းဆင်းစုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအ ဖွဲ့၏စာရင်းများအရ ယခုနှစ်ရာသီအ တွက် နိုင်ငံတော်သို့ အခွန်ဆောင်ပြီး တင်သွင်းခွင့်ပြုထားသည့်ယာဉ်၊ စက် ယန္တရားအရေအတွက် ၁ဝဝဝ ကျော်ရှိ ပြီး လက်ရှိဖားကန့်မြို့သို့ အစီးရေ ၇ဝဝ ကျော်ရောက်ရှိနေကြောင်း သိရသည်။

''တောင်အလုံးပေါင်း ၆ဝဝကျော် ပျောက်သွားပြီဆိုတဲ့ကိစ္စပေါ့။ ဒီမှာ ဆယ့် လေးငါးနှစ်၊ အနှစ် ၂ဝ ကာလလေးမှာ တောင် ဘာမှမကျန်လောက်အောင် သဘာဝပတ်ဝန်းကျင်အားလုံး အစား ထိုးမရလောက်အောင် ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ အဲတော့ ဒီယန္တရားတွေ နဲ့ပတ်သက်ပြီး အကန့်အသတ်ဆိုတာ ရှိရမယ်။ ဒီဒဏ်တွေကို ခံစားနေရတာ အနီးကပ်ဆုံးကတော့ အခြေခံဆင်းရဲ သား တိုင်းရင်းသားပြည်သူလူထုပါပဲ။ အဲတော့ ဒီကုမ္ပဏီကြီးတွေ၊ ငွေရှိသူနဲ့ အာဏာရှိသူတွေက ပေါင်းပြီး ရလိုမှု တစ်ခုတည်းကိုကြည့်ပြီးမှ သယံဇာတ တွေကို စည်းမဲ့ကမ်းမဲ့တူးဖော်မှုတွေဟာ အနာဂတ်အတွက် အနှိုင်းမဲ့ဆုံးရှုံးမှုလို့ ပဲ ပြောချင်ပါတယ်''ဟု ဦးရွှေသိန်းက ဆိုသည်။

ဖားကန့်ဒေသခံပြည်သူများအနေ ဖြင့် လက်ရှိယန္တရားနှင့်လုပ်ကိုင်နေမှု များကို လုံးဝရပ်ဆိုင်းစေလိုပြီး အခြေခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိအောင် အစိုးရမှ စနစ်တကျ ဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းကိုအခြေခံ ကာ လုပ်ပိုင်ခွင့်ပြုပေးစေလိုသည်ဟု ဒေသခံ ဦးကျော်ထွန်းက ပြောသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment