6.1.16

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ပြီးပါက ခုနစ်ကီလိုမီတာနှင့် အထက် ဒရုန်းများအတွက် ပျံသန်းအသုံးပြုခွင့်လျှောက်ထားရမည်

မြန်မာနိုင်ငံ တွင် မောင်းသူမဲ့ လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များကို အသုံးပြုခြင်း နှင့်ပတ်သက်၍ လိုအပ်သည့်လုပ်ထုံး လုပ်နည်းများထုတ်ပြန်ပြီးပါက ခုနစ် ကီလိုမီတာနှင့်အထက် ဒရုန်းများကို ပျံသန်း အသုံးပြုခွင့်လျှောက်ထားရ မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန လေယာဉ်စက်မှု ဌာနခွဲမှ သိရသည်။

မောင်းသူမဲ့လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များ၏ အလေးချိန်နှင့် စွမ်းဆောင် နိုင်မှုပေါ်အခြေခံ၍ အတန်း အစားခွဲခြားသတ် မှတ်ပြီး စနစ်တကျ မှတ် ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့်လက်မှတ် ထုတ်ပေးခြင်း၊ မြေပြင်ထိန်းချုပ်မောင်းနှင်သူများအား စိစစ်ခြင်း၊ အထူးသဖြင့် လေယာဉ်ကွင်း များ အနီးနှင့်လေယာဉ်အတက်အ ဆင်းလမ်းကြောင်းတစ်လျှောက် ပျံ သန်း အသုံးပြု လျှင်လေယာဉ်များနှင့် မတော်တဆထိခိုက်မိကာ လေ ယာဉ်ပျက်ကျသည် အထိ ဖြစ် နိုင်ခြင်း ကြောင့် မပျံ သန်းရေးဇုန် ကန့်သတ် ခြင်းတို့  အတွက် လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ရန် ဆောင်ရွက်နေကြောင်း လေယာဉ် စက်မှုဌာနခွဲမှ တာဝန်ရှိ သူတစ်ဦးက ဒီဇင်ဘာ ၅ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
''အဲဒီလုပ်ထုံးလုပ်နည်းကို ထုတ် ပြန်မှာနဲ့ပတ်သက်လို့ အခြားဝန်ကြီး ဌာနတွေ နဲ့လည်း ချိတ်ဆက်ပြီးဆောင် ရွက်ရမှာဖြစ်လို့ အချိန်ကတော့ အတိ အကျပြောဖို့ ခက်ပါတယ်။ ဘာကြောင့် အဲဒီလို ပျံသန်းအသုံးပြုခွင့်လျှောက် ဖို့ဆောင်ရွက်ရမှာလဲဆိုတော့ နိုင်ငံ အတွက် အကျိုးရှိစေမယ့် နေရာ တွေမှာ အသုံးပြုမှာတွေရှိသလို ဒီ ဒရုန်းကိုသုံးပြီး အကြမ်းဖက်မှုတွေ လုပ်လာနိုင်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်'' ဟု ၎င်းကပြောသည်။
အဆိုပါ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ရန် အတွက် အပြည်ပြည် ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် မှ ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ် နည်းများ စံများနှင့်အညီ အာရှနှင့် ဥရောပနိုင်ငံများ၏ ဒရုန်းနှင့် ပတ် သက်သည့် လုပ်ထုံးလုပ်နည်းနမူနာ များကို လေ့လာခြင်း၊ ကျွမ်းကျင်သူ များနှင့် ညှိနှိုင်းခြင်း၊ လက်ရှိဒရုန်း လေယာဉ်ကိုအသုံးပြုနေသည့် အပျော် တမ်းကလပ်များမှ အတွေ့အကြုံ နှင့် အကြံဉာဏ်များရယူခြင်း ဆောင် ရွက်နေကြောင်း သိရသည်။
မောင်းသူမဲ့လေယာဉ်များ အ သုံးပြု၍ ဓာတ်ပုံဗီဒီယိုရိုက်ကူးခြင်း၊ ရာသီဥတုနှင့်ဘေး အန္တရာယ်လေ့လာ ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ လမ်းပိတ်ဆို့မှုစောင့်ကြည့်ရေးလုပ် ငန်းများ၊ သုတေသနလုပ်ငန်းနှင့် ကာ ကွယ်ရေးလုပ်ငန်းများ အပါအဝင် လူ သားအကျိုးပြုလုပ်ငန်းများ ဆောင် ရွက်နိုင်သကဲ့သို့ အကြမ်းဖက်လုပ် ရပ်များတွင်လည်း အသုံးပြုလာနိုင် သည့်အတွက် လိုအပ်သောလုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ရန်ဆောင် ရွက်ရခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ယူနိုက်တက်ကင်းဒမ်း တွင် ၂၀ ကီလိုဂရမ်၊ ဒိန်းမတ်တွင် ၂၅ ကီလို ဂရမ်၊ ဩစတြေးလျတွင် နှစ်ကီလို ဂရမ်၊ နယူးဇီလန်တွင် ၂၅ ကီလိုဂရမ်၊ အီတလီတွင် ၂၅ ကီလိုဂရမ်၊ စင် ကာပူတွင် ခုနစ်ကီလိုဂရမ်အစရှိသည့် ဒရုန်းလေယာဉ်များသည် ပျံသန်း အသုံးပြုခွင့် လျှောက်ထား အသုံးပြု နေရခြင်းဖြစ်ကြောင်း သိရသည်။
Credit to >>> Democracy Today

0 comments:

Post a Comment