6.1.16

ယခင် ကားတင်သွင်းမှု မူဝါဒ အတိုင်း ၂၀၁၆ ခု နှစ် ကုန်ထိ တင်သွင်းခွင့်ပြုရန် သမ္မတထံ စီးပွား/ကူးသန်းတင်ပြမည်

ယခင် ၂၀၁၅ ခုနှစ်တွင် ကျင့်သုံးခဲ့သော ကားတင်သွင်းမှုမူဝါဒအတိုင်း ကားတင်သွင်းခွင့် ခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တင်ပြသွားမည်ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

ေေေေ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံကားလုပ်ငန်းရှင်များအသင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ( ကညန) တို့၏ နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် ၎င်းက ပြောဆိုခြင်းဖြစ်သည်။
“အဓိကအချက်ကတော့ ၂၀၁၅ ခုနှစ်ရတဲ့ လိုင်စင် ပါမစ်တွေကို ၂၀၁၆ ဒီဇင်ဘာ၃၁ ရက်နေ့ထိ မှတ်ပုံတင် ခွင့်ပြုမယ်ဆိုတဲ့ တစ်ချက်ရယ်၊ မော်တော်ယာဉ်တင်သွင်းခွင့် ခုနှစ်သတ်မှတ်ချက်ကို ယခင်ကြီးကြပ်ရေးကော်မတီမှာ သတ်မှတ်တဲ့ သတ်မှတ်ချက်ကို တစ်နှစ်တိုး သတ်မှတ်မယ်၊ ယာဉ်အိုယာဉ်ဟောင်းကားတွေကို ၂၀၀၆ ခုနှစ်အထက်ကို သုံးနှစ်သတ်မှတ်မယ်၊ ကျန်တဲ့ကားတွေကို တစ်နှစ်ကုန်သတ်မှတ်မယ်၊ ကျန်တဲ့အချက် တွေအများကြီးရှိပေမယ့် ကျွန်တော်တို့ အဓိကတောင်းဆိုတာကတော့ ဒီအချက်ပါပဲ၊ ဒါပြီးရင် နိုင်ငံတော်သမ္မတထံ တင်ပြမယ်ပေါ့”ဟု၎င်းကဆိုသည်.
“၂၀၁၅ ခုနှစ်မှာ ရှိတဲ့ လိုင်စင်တွေကလည်း လိုင်စင် ပဲခေါ်ခေါ် ပါမစ်ပဲခေါ်ခေါ် တင်သွင်းတာကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ အထိကို က.ည.နအနေနဲ့ မှတ်ပုံတင်ခွင့် ပေးမယ့်ဟာရှိတယ်၊ အားလုံးအဆင်ပြေသွားတာပေါ့၊” ဟု၎င်းက ဆိုသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းထုတ်လုပ်ထားသော ကားများကို စလစ်ကပ်ရမည်ဆိုသည့်ကိစ္စကြောင့် ကားများဈေးနှုန်းမြင့်တက်ခဲ့ပြီး မူဝါဒမကြာခဏပြောင်းလဲမှုကို ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် နိုင်ငံတော်သမ္မတက အစိုးရပြောင်းလဲချိန်တွင် အတတ်နိုင်ဆုံးဆောင်ရွက်ပေးရန်နှင့် အများသူငှာ စိတ်အနှောင့်အယှက်ဖြစ်ရန်မလိုလားသော အခြေခံသောပုံစံကို ဆောင်ရွက်ပေးရန် ညွန်ကြားထားသောကြောင့် ကားတင်သွင်းမှုမူဝါဒနှင့် ပတ်သက်၍ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်သည်။
“အားလုံးစလစ် ကပ်ရမယ်ဆိုလို့ ကားဈေးတက်သွားတာပါ၊ ၂၀၀၆ ကနေပြီး ၂၀၁၃ အထိစလစ်ကပ်ရမယ်လို ဖြစ်တာကို၊ အခုတော့ အဲ့လိုမဟုတ်တော့ဘူး၊ အရင်လိုပဲပါမစ်နဲ့ရမယ်၊ ၂၀၀၆ ကနေ ၂၀၁၁ ထိ စလစ်ကပ်ရမယ်၊ အရင်သွင်းတဲ့ကားတွေကအဆင်ပြေတယ်၊ အရောင်းစင်တာတွေမှာ ကွန်ဇိုင်းမန့်နဲ့ သွင်းထားတဲ့ကားတွေကို ပြောတာပေါ့၊ ပါမစ်လျှောက်ပြီး သွင်းထားတဲ့ ကားတွေလည်း အဆင်ပြေတယ်၊ အရင်ကတော့ကွန်ဇိုင်းမန့် စနစ်နဲ့ သွင်းထားတဲ့ ကားတွေကို လက်မခံဘူး ၂၀၁၆အရ စလစ်ကပ်ရမယ်၊ Honda FIT တွေ စလစ်ကပ်ရမယ် ဆိုပြီးဖြစ်ခဲ့တာ အခုတော့ ကပ်စရာမလိုတော့ဘူး၊၊ ထရပ်ကားတွေဆိုလည်း အရင်မူအတိုင်းပဲ၊ ထရပ်ကားတွေ ဘယ်မောင်းရော ညာမောင်းရော အသစ်ဖြစ်ရမယ် အရင်မူအတိုင်းပဲ” ဟု ၎င်းက ပြောသည်။
Credit to >>> The Voice Weekly

0 comments:

Post a Comment