6.1.16

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေး နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ကိုအခြေခံပြီး အသေးစိတ်မူရေးဆွဲမှု စတင်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးနှင့် စီးပွားရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ချမှတ်ထားသည့်အဓိကအချက်များကို ထပ်မံဆွေးနွေးမည်


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေးအ တွက် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ကိုအခြေခံပြီး အသေးစိတ်မူရေးဆွဲ ရေး အစည်းအဝေးကို စတင်ကျင်းပ နေပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) ဝင် အစုအဖွဲ့များဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေး ပါတီများ၏ အတွင်းရေးမှူးအဖွဲ့အ စည်းအဝေးကို ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် ဇန်နဝါရီ ၅ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ UPDJC အတွင်းရေး မှူး အဖွဲ့အစည်းအဝေး၌ အတည် ပြုနိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို အခြေခံပြီး အသေးစိတ်မူနှင့် လုပ် ငန်းစဉ်ကို ချမှတ်မည်ဖြစ်သည့်အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်မည့် အစုအဖွဲ့အသီးသီး မှ ကိုယ်စားလှယ်ရွေးချယ်ရေးကိုလည်း အတည်ပြုသွားမည်ဖြစ်သည်။
ထို့အပြင် NCA လက်မှတ်မထိုးသေးသည့် လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့များကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက် ရန်ဖိတ်ကြားရေးတို့ကိုလည်း ဆွေး နွေးသွားမည်ဖြစ်သည်။
''အခုအစည်းအဝေးမှာ နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံမှာ ချမှတ်ရမယ့် အခြေခံအချက်အလက်တွေ၊ နိုင်ငံ ရေးအရ အရေးကြီးတဲ့အချက်တွေ ကို ဆွေးနွေးမှာဖြစ်တယ်။ စီးပွားရေး အရ ဖက်ဒရယ်နိုင်ငံတော်ကို တည် ဆောက်တဲ့အခါမှာ စီးပွားရေးကိစ္စ ကို ဘယ်လိုဆွေးနွေးမယ်ဆိုတဲ့ကိစ္စ တွေ၊ နောက် နိုင်ငံရေးဆွေးနွေးပွဲ မူ ဘောင်မှာချမှတ်ထားတဲ့ အဓိကရေး ရာခြောက်ခုကို ထပ်ဆွေးနွေးမှာဖြစ် ပါတယ်။ နိုင်ငံရေးဆိုင်ရာကိစ္စ၊ စီးပွား ရေးဆိုင်ရာကိစ္စ၊ လူမှုရေးဆိုင်ရာကိစ္စ၊ လုံခြုံရေးဆိုင်ရာကိစ္စ၊ မြေယာကိစ္စ ပိုင်ဆိုင်မှုနဲ့ သဘာဝပတ်ဝန်းကျင်ကာ ကွယ်ရေးဆိုင်ရာကိစ္စတွေကို ဆွေး နွေးရမှာဖြစ်ပါတယ်။ ဒီအတွင်းရေး မှူးအစည်းအဝေးမှာ အရေးကြီးတဲ့ လုပ်ငန်းအစီအစဉ်တွေ ချမှတ်မှာဖြစ်ပါ တယ်''ဟု KNU အထွေထွေအတွင်း ရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြော သည်။
UPDJC အတွင်းရေးမှူး အ ဖွဲ့အစည်းအဝေးပြီးပါက ဇန်နဝါရီ ၁၂ ရက်တွင် စတင်ပြုလုပ်မည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်မည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားခေါင်းဆောင်များနှင့် အခြား ဖိတ်ကြားသင့်သော ဧည့်သည်တော် များ၏ စာရင်းများကို အတည်ပြုနိုင် မည်ဟု မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနမှ ဦးလှမောင်ရွှေက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံစတင်ကျင်းပမည့် ဇန်နဝါရီ၁၂ ရက်မတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲဆိုင် ရာ မူဘောင်အပေါ်အခြေခံသည့် အ သေးစိတ်မူများ ချမှတ်နိုင်ရေးအတွက် ယခုပြုလုပ်နေသည့် UPDJC အတွင်း ရေးမှူးအဖွဲ့အစည်းအဝေးကို ပြုလုပ် သွားမည်ဖြစ်သည်။
Credit to >>> Democracy Today

0 comments:

Post a Comment