10.3.16

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပင်လယ်တွင်းသို့ ပစ်လွှတ်



ကြာသပတေးနေ့ အစောပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံသည် ၄င်းတို့၏ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ဖြစ်သော ၀န်ဆန်မှ ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောသည်။ မြောက်ကိုရီးယားထံတွင် တာတိုပစ်ဒုံးကျည် အရေအတွက်အများအပြားနှင့် ကမ္ဘာ့တိုက်ကြီးများကြား ပစ်ခတ်နိုင်ရန် ကြိုးပမ်းနေသည့် တာဝေးပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားကြောင်း သိရသည်။

မြောက်ကိုရီးယားက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ၄င်းတို့၏ စတုတ္ထမြောက် နျူးကလီးယား စမ်းသပ်မှုကိုပြုလုပ်ခဲ့ပြီး ပြီးခဲ့သောလတွင် တာဝေးပစ် ဒုံးကျည် တစ်စင်းကို ပစ်လွှတ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုများ မြင့်တက်နေသော်လည်း ဒုံးကျည်များ ဆက်လက်ပစ်ခတ်နေကြောင်း သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် အမေရိကန်ပြည်ထောင်စုတို့လည်း ပိတ်ဆို့အရေးယူမှု အသစ်များကို ချမှတ်ခဲ့သည်။ 

Credit To >>> Democracy Today

0 comments:

Post a Comment