10.3.16

ပဲခူးဆေးရုံတွင် ဘီပိုးကာကွယ်ဆေး ထိုးရာမှ ကလေးသုံးဦးသေဆုံးပြီး လေးဦးကို အရေးပေါ်လူနာအဖြစ် ရန်ကင်းကလေးဆေးရုံ ပို့လိုက်ရ

-ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံ တွင် မွေးဖွားပြီးကလေး ၂၇ ဦးကို အ သည်းရောင် အသားဝါ ဘီပိုးကာကွယ် ဆေးထိုးပေးရာမှ သုံးဦးသေဆုံးပြီး အရေးပေါ်လူနာအဖြစ် ကလေးလေး ဦးကို ရန်ကုန်မြို့ရှိ ရန်ကင်း ကလေး ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ယင်း ကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေ သည့် ပဲခူးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါကလေးငယ်လေးဦးကို ရန်ကင်းကလေးဆေးရုံမှ မတ် ၉ ရက် တွင် လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပဲခူးမြို့အထွေထွေ ရောဂါကုဆေးရုံတွင် မတ် ၅ ရက်မှ ရ ရက်အတွင်းမွေးဖွားခဲ့သည့် ကလေး ၂၇ ဦးကို မတ် ရ ရက်တွင် ဘီပိုးကာ ကွယ်ဆေးထိုးပေးရာမှ သုံးဦးသေဆုံး ခဲ့ကာ အရေးပေါ်ကလေး လေးဦးကို ရန်ကင်းဆေးရုံမှ ဆရာဝန်ကြီး များ ကိုယ်တိုင်အရေးပေါ်ကားဖြင့် လာ ရောက်ခေါ်ဆောင်သွားခဲ့ပြီး ကျန် ၂၀ ဦးမှာ စိတ်ချရသည့်အနေအထား တွင်ရှိနေသည့်အတွက် ဆေးရုံတွင် ဆက်လက်စောင့်ကြည့်နေကြောင်း ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဘဏ္ဍာရေးမှူးဦးမျိုးမြင့် က မတ် ၉ ရက်တွင် ပြောသည်။
''ကလေးတွေကို မွေးပြီးချိန်မှာ ဘီပိုးကာကွယ်ဆေးထိုးမယ်ဆိုပြီး ကလေးမိဘတွေထဲက တစ်ဦးကို အ ပြင်မှာဆေး သွားဝယ်ခိုင်း တယ်။ မိဘ တွေကလည်း နယ်ပေါင်းစုံကလာပြီး ကိုယ့်ကလေးအတွက် ကာကွယ်ဆေး ဆိုတော့ ထိုးကြတာပေါ့။ ဆေးထိုး ပြီး နှစ်နာရီသုံးနာရီလောက်မှာ က လေးတွေက မှိန်းလာကြပြီး လက္ခဏာ တွေပြလာကြတယ်။ ကျွန်တော်တို့ လည်း မတ် ၉ ရက်မှာ သတင်းကြား ကြားချင်း အကူအညီပေးဖို့အတွက် သွားခဲ့တာပါ''ဟု ၎င်းက ဆက် လက်ပြောသည်။
ယင်းကဲ့သို့ အရေးပေါ်ကလေး လေးဦးကို ရန်ကင်းကလေး ဆေးရုံ မှ အရေးပေါ်ကားဖြင့် သွားရောက် ခေါ်ဆောင်သည့် သတင်းမှာ မှန်ကန် ကြောင်းနှင့် လက်ရှိတွင် ကလေးများ နှင့်ပတ်သက်သည့် ထူးခြားမှုတစ်စုံတစ်ရာတင်ပြလာခြင်း မရှိသေး ကြောင်း ရန်ကင်းကလေးဆေးရုံမှ ဥက္ကဋ္ဌ ဒေါက်တာထားထားစိုးက ပြော သည်။
''အခုလက်ရှိကတော့ ကလေး လေးယောက်ကို အရေးပေါ်ကားနဲ့ သွားခေါ်တယ်။ ဆေးရုံကို အခုထိ တော့မရောက်သေးဘူး။ ကလေးတွေ ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာမှတင်ပြလာတာမရှိသေးဘူး။ ပါး စပ်အပြောနဲ့ သိထားတာပဲရှိပါသေး တယ်။ ကာကွယ်ဆေးဆိုပေမယ့် တ ချို့က ဆေးဓာတ်မတည့်မှုတွေဖြစ် တတ်တယ်။ တစ်ယောက်နဲ့တည့်ပေ မယ့် နောက်တစ်ယောက် နဲ့မတည့် တာရှိတယ်။ ဘာမီတွန်တောင် တည့် ချင်မှတည့်တာမျိုးရှိတယ်ပေါ့။ ကလေး တွေ ဘယ်လိုအခြေအနေရှိတယ်ဆို တာမသိရသေးပါဘူး'' ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ဘီပိုးကာကွယ်ဆေး ကို ပြင်ပမှသွားရောက်ဝယ်ယူထိုး ပေးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ဌာန၊ ကူးစက်ရောဂါဦးစီး ဌာန မှ စစ် ဆေးသုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''အကြောင်းစုံကိုတော့ မသိရ သေးဘူး။ လက်အောက်ကဝန်ထမ်း တွေတော့ ဆောင်ရွက်နေတယ်။ ဘီ ပိုးဆေးကတော့ စစ်ဆေးမှုတွေ လုပ် ရမှာပေါ့။ လုပ်သွားမှာပါ။ တို့ပေးတဲ့ ကာကွယ်ဆေးမဟုတ်ဘူး။ ပြင်ပက ဝယ်ထိုးတဲ့ဆေးလို့သိရတယ်''ဟု ယင်းဌာနမှ ဒေါက်တာသန်းထွန်း က ပြောသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment