10.3.16

တူရကီမှ ပြင်သစ်သို့ ကလေးကို လက်ဆွဲအိတ်ထဲထည့်ကာ လေယာဉ်ဖြင့် အမျိုးသမီးတစ်ဦးက မှောင်ခိုသွင်း -

တူရကီနိုင်ငံ အစ္စတန်ဘူလေဆိပ်မှ ပြင်သစ် ပါရီလေဆိပ်သို့ ပျံသန်းလေယာဉ်တွင် အမျိုးသမီးတစ်ဦးက လေးနှစ်အရွယ်မိန်းကလေးတစ်ဦးအား လက်ဆွဲအိတ်တွင်း ထည့်ကာ မှောင်ခိုသွင်းလာကြောင်း အဲယားဖရန့်က ထုတ်ပြန်သည်။

အဆိုပါ ပြင်သစ်လေကြောင်းလိုင်းက လက်မှတ်မပါသည့် ယင်းမိန်းကလေးကို မတ် ၇ ရက် ညက လေယာဉ်ပေါ် စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း ပြောသည်။
အဆိုပါ အမျိုးသမီးသည် ပြင်သစ်တွင် နေထိုင်သူဖြစ်ပြီး မိန်းကလေးအား ဟေတီမှ မွေးစားရန် ခေါ်လာခြင်းဖြစ်ကြောင်း လေဆိပ်သတင်းရင်းမြစ်က အေအက်ဖ်ပီသို့ ပြောသည်။
လေကြောင်းလိုင်းက ပြင်သစ်အာဏာပိုင်များအား အကြောင်းကြားခဲ့သော်လည်း တရားစွဲဆိုခြင်း ပြုမည်မဟုတ်ပေ။
အစ္စတန်ဘူလေဆိပ်တွင် ယင်းအမျိုးသမီးအား ကလေးနှင့် တက်ရောက်ခွင့်ကို တားဆီးခံရခြင်းဖြစ်ပြီး နောက်တွင် အမျိုးသမီးက ကလေးမအား လက်ဆွဲအိတ်တွင် ထည့်ကာ လေယာဉ်သစ်ဖြင့် ပြင်သစ်သို့ စီးနင်းလာခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က အေအက်ဖ်ပီသို့ ပြောသည်။
လေယာဉ်ပေါ်တွင် အမျိုးသမီးက ကလေးမအား အိတ်ထဲမှ ထွက်စေပြီး သူ့၏ ထိုင်ခုံအောက်တွင် ထားထားခြင်းဖြစ်သည်။ သို့သော် မိန်းကလေးက ရေအိမ်သွားလိုရာမှ အခြားခရီးသည်များက သတိထားမိသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ထိုအမျိုးသမီးနှင့် မိန်းကလေးအား လေဆိပ်တွင် ထိန်းသိမ်းထားပြီး ယခုဖြစ်ရပ်အတွက် အာဏာပိုင်များက မေးမြန်းစစ်ဆေးလျက်ရှိသည်။
Credit To >>> Mizzima 

0 comments:

Post a Comment