9.3.16

ဒုတိယသမ္မတလောင်းရွေးချယ်မည့်ရက်မတိုင်ခင် တစ်ရက်အလို ယနေ့ပြုလုပ်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ရွှေ့ဆိုင်း


ဒုတိယသမ္မတလောင်း ရွေးချယ်မည့်ရက်မတိုင်ခင် တစ်ရက် အလို ယနေ့(မတ် ၉ ရက်)ပြုလုပ်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ကိုကျင်းပရန် စီစဉ်ခဲ့ပြီးမှ ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။


လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် မတ် ၈ ရက်ကကျင်းပသည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ယနေ့ (မတ် ၉ ရက်)၌ လွှတ်တော်အစည်းအဝေးပြုလုပ် မည်ဟု ကြေညာခဲ့သည်။

ထို့သို့ကြေညာအပြီး မတ် ၉ ရက်တွင်ကျင်းပမည့် လွှတ်တော်အ စည်းအဝေးအစီအစဉ် လျာထားချက် ကိုပင် လွှတ်တော်ကိုယ်စားလှယ်များ ထံ ဖြန့်ဝေခဲ့သည်။

''အစည်းအဝေးအစီအစဉ် စာ ရွက်တောင်ဖြန့်ဝေပြီးသွားပြီ။ ညနေ ပိုင်းကျတော့ မတ် ၉ ရက်မှာပြုလုပ် မယ့် လွှတ်တော်အစည်းအဝေးကို မကျင်းပတော့ဘဲ မတ် ၁၀ ရက်မှာ ကျင်းပမယ်ဆိုတဲ့ အကြောင်းကြားစာ ကို လက်ခံရရှိပါတယ်။ အကြောင်း ကြားစာထဲမှာတော့ ဘာကြောင့်မ လုပ်တော့တာလဲဆိုတာ မပါပါဘူး'' ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

မတ် ၁၀ ရက်တွင် အစုအဖွဲ့ လိုက် ဒုတိယသမ္မတရွေးချယ်ရေး ပြုလုပ်မည်ဖြစ်သဖြင့် NLD အနေ ဖြင့် ၎င်းတို့၏လွှတ်တော်ကိုယ်စားလှယ် များကို အစည်းအဝေးအတွက်မှာကြား ရန်နှင့် အချိန်ယူခြင်းဖြစ်နိုင်ကြောင်း ဒေါ်ခင်စောဝေက သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ''မတ် ၉ ရက်အစည်း အဝေးကို မကျင်းပတော့ကြောင်းနဲ့ မတ် ၁၀ ရက်မှာ ပြန်လည်ကျင်းပ မယ်ဖြစ်တယ်လို့ပဲပါတယ်။ ဘာ ကြောင့်လည်းဆိုတာတော့ ကျွန်တော် တို့အနေနဲ့ သေချာမသိပါဘူး''ဟု ပြောသည်။ 


Credit To >>> Democracy  Today

0 comments:

Post a Comment