9.3.16

အင်းလေးဒေသ သမိုင်းဝင်ရွှေအင်းတိန်စေတီတော် သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက်ဖူးမြော်လေ့လာလျက်ရှိ


ရှမ်းပြည်နယ် (တောင်ပိုင်း ) ညောင်ရွှေမြို့နယ် အင်းလေးဒေသ သို့ ပြည် တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ နှစ်စဉ်ဝင်ရောက် လည်ပတ် အပန်းဖြေလေ့ လာလျက်ရှိရာတွင် ရှမ်းပြည်နယ်၏ ပုဂံဟု တင်စားထားသော သမိုင်းဝင်ရွှေအင်းတိန်ဘုရားစေတီပုထိုးများသို့ အင်းလေးမော်တော် (စက်လှေ)ဆိပ်မှ ဘုရားစဉ်ဖူးသည့် ခရီးစဉ်များတွင် မဖြစ်မနေ ဝင်ရောက်ဖူးမြော်လေ့လာလျက်ရှိသည်။


ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်မြတ်စွာဘုရားသည် ကျေးပေါခုန်ကျေးရွာအုပ်စု အင်းတိန်ကျေးရွာအနီးတွင်တည်ရှိပြီး ရွှေအင်းတိန်စေတီတော်နှင့်အနီးရှိ ဘီလူးချောင်းပတ်ဝန်းကျင်တွင် ရှည်လျားပေါ်လွင်သည့် ဖောင်းရစ်များ၊ ရိုးရာဗိသုကာလက်ရာများ၊ ရုပ်လုံးရုပ်ကြွ၊ အင်္ဂတေပန်းတော့ လက်ရာများရှိသည့် စေတီကြီး၊ ငယ် ၁ဝ၅၄ ဆူကို ဖူးမြော်နိုင်သည်။

အဆိုပါစေတီများကို အေဒီ ၁၄ ရာစုမှ ၁၈ ရာစုအတွင်း မတူကွဲပြား ထူးခြားသည့် ရိုးရာဗိသုကာလက်ရာများဖြင့် တည်ထားကိုးကွယ် ခဲ့ကြောင်း သိရသည်။

ရွှေအင်းတိန်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယဆွမ်းကြီးလောင်းပွဲတော်အား တန်ဆောင်မုန်း လဆန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး ဘုရားပွဲတော်ရက် အတွင်း၌ ဘုရားတန်ဆောင်းနှင့် ရင်ပြင်ပေါ်တွင် အင်းလေးကန်ကျေးရွာ အတွင်းမှ လာရောက် ဆွမ်းလောင်း လှူသူ ဒေသခံ တိုင်းရင်းသား များနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် အထူးပင်စည်ကား လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။


Credit To >>>မြ၀တီ

0 comments:

Post a Comment