15.3.16

ခြင်ကြောင့်ဖြစ်သော ကြောက်မက်ဖွယ်ရောဂါများ


လူသားများကို သေဆုံးသည် အထိ ဆိုးကျိုးပေးနိုင်သောရောဂါ များဖြစ်ပွားစေသော အင်းဆက်များ ထဲတွင် ခြင်မှာ အန္တရာယ်အကြီး ဆုံး အင်းဆက်ဖြစ်သည်ဟု သိပ္ပံ ပညာရှင်များက သတ်မှတ်ထား သည်။
ခြင်ကြောင့် ဖြစ်ပွားသော ရောဂါများထဲ၌ အချို့သောရောဂါ များမှာ လက်ရှိအချိန်ထိ ပျောက် ကင်းအောင်ကုသနိုင်သောဆေး ထုတ်လုပ်နိုင်ခြင်းမရှိခြင်းကြောင့် ကြိုတင်ကာကွယ်မှုသာ ပြုလုပ်နေ ရသည်။ ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများထဲတွင် ကြောက်စရာ အကောင်းဆုံးရောဂါများဟု သတ် မှတ်ထားသည့်ရောဂါများမှာ အောက် ပါအတိုင်းဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါ
••••••••••••••••••••••••••••••
သွေးလွန်တုပ်ကွေးရောဂါသည် လက်ရှိအချိန်ထိ ပျောက်ကင်းအောင် ကုသနိုင်သောဆေးမရှိသောကြောင့် အသက်အန္တရာယ်အမြင့်ဆုံးရောဂါ အဖြစ် သတ်မှတ်ခံထားရသည်။ အပူပိုင်းဒေသနှင့်သမပိုင်းဒေသများ တွင် အများဆုံးဖြစ်ပွားသည့်ရောဂါ ဖြစ်ပြီး Aedes ခြင်ကြောင့် ဖြစ်ပွား ခြင်းဖြစ်သည်။
ဝက်စ်နိုင်းဗိုင်းရပ်စ်
••••••••••••••••••••••••••••••
အာဖရိကတိုက်တွင် စတင် တွေ့ရှိခဲ့ပြီး မူလက တိရစ္ဆာန်များ နှင့်ငှက်များတွင်သာ ကူးစက်ပြန့် ပွားခဲ့သော်လည်း နောက်ပိုင်းတွင် လူသို့ကူးစက်ကြောင်း တွေ့ရှိခဲ့ သည်။ ရောဂါပိုးသယ်ဆောင်ထား သည့်မိခင်မှ ရင်သွေးသို့လည်း ကူး စက်နိုင်သည်ဟု သိရသည်။ သွေး လည်ပတ်ခြင်းကို အကျိုးသက် ရောက်မှုဖြစ်စေပြီး ဦးနှောက်အတွင်း ရှိ တစ်သျှူးများကို ပျက်စီးစေသည့် ရောဂါဖြစ်ပြီး ကုသနိုင်သည့်ဆေး မတွေ့သေးပေ။
ငှက်ဖျားရောဂါ
••••••••••••••••••••••••••••••
ကမ္ဘာပေါ်တွင် အဖြစ်အများ ဆုံးရောဂါတစ်ခုဖြစ်ပြီး Anopheles အမျိုးအစားခြင်များထဲမှ ခြင်မများကြောင့် ဖြစ်ပွားခြင်းဖြစ် သည်။ အသည်းနှင့်အသည်း၏ လုပ်ဆောင်ချက်များကို ပျက်စီးစေ သည့်ရောဂါဖြစ်ပြီး အသွင်ကွဲပြား သည့်ရောဂါမူကွဲများ ရှိနေသည်။
အဝါရောင်အဖျားရောဂါ
••••••••••••••••••••••••••••••
အာဖရိကနိုင်ငံများနှင့် တောင် အမေရိကနိုင်ငံများတွင် တွေ့ရသည့် ရောဂါတစ်မျိုးဖြစ်သည်။ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားစေသည့် Aedes ခြင်မျိုးနွယ်ဝင်ဖြစ်သော Aedes Aegypti ခြင်ကြောင့် ဖြစ် ပွားသည့်ရောဂါဖြစ်သည်။ အဆိုပါ ရောဂါဖြစ်ပွားပါက တစ်နေ့လျှင် လေးနာရီမှ ခုနစ်နာရီကြားခေါင်း ကိုက်ခြင်းနှင့်အဖျားတက်ခြင်းများ ဖြစ်ပေါ်သည်။

0 comments:

Post a Comment