15.3.16

CDMA ဖုန်းများအပါအဝင် MPT ၏ နိုင်ငံရပ်ခြားခေါ်ဆိုမှုအတွက် မည့်သည်လျှောက်ထားခြင်းမှမလိုဟု သိရ

MPT ဖုန်းများမှ ပြည်ပနိုင်ငံများသို့ ခေါ်ဆိုနိုင်ခြင်းတွင် CDMA ဖုန်းများလည်းပါဝင်ကြောင်း၊ မည်သည့် လျှောက်ထားမှုမှ ပြုလုပ်ရန်မလိုကြောင်း သိရသည်။

MPT ၏ GSM, WCDMA နှင့် CDMA ဖုန်းအမျိုးအစား အသုံးပြုသူအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း၊ MPT ဆင်းမ်ကတ်များ အားလုံးတွင် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ပြုလုပ်ရန် အတွက် မည်သည့်လျှောက်ထားမှုမှ ပြုလုပ်စရာမလိုဘဲ အလိုအလျောက် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားဖုန်းလိုင်းနှင့် မိုဘိုင်းဖုန်းများသို့ ခေါ်ဆိုသည့် နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုမှာ အော်ပရေတာအပေါ် မမူတည်ဘဲ နိုင်ငံအလိုက် ကျသင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ စာတိုပေးပို့နိုင်မည်ဖြစ်ပြီး စာတိုတစ်စောင်အတွက် သတ်မှတ်ထားသော စာလုံးရေအရေအတွက်မှာ အင်္ဂလိပ်အက္ခရာ ၁၆၀ ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခနှုန်းထားကို နိုင်ငံ၏တည်နေရာ ဇုန်အပေါ်မူတည်၍ ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးနှုန်းသတ်မှတ်မှု အချက် ၅ ချက်ဖြင့် ကောက်ခံထားကြောင်း တွေ့ရသည်။
အာဆီယံအသင်းဝင် နိုင်ငံများနှင့် အခြား ၈ နိုင်ငံ (ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မကာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ယိုးဒယားနှင့် ဗီယက်နမ်) သို့ တစ်မိနစ်လျှင် ၂၀၀ ကျပ်ဖြင့် ခေါ်ဆိုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာခဲ့သည်။ အခြား သတ်မှတ်ဈေးနှုန်းများကို MPT ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Credit To >>> Internet Journal

0 comments:

Post a Comment