1.4.16

ပုဂ္ဂလိကဆေးရုံများ ကျန်းမာရေးဝန်ဆောင်မှုမြင့်မားစေရန် အသင်းဝင်များ ပူးပေါင်းဆောင်ရွက်ရေးလိုအပ်နေ

ကျန်းမာရေးဝန်ဆောင်မှုနှင့်အရည်အသွေးထိန်း သိမ်းမြှင့်တင်မှုလုပ်ငန်းများ တိုးတက် ကောင်းမွန်စေရန် အတွက် အသင်း ၀င်များအချင်းချင်း ပူးပေါင်းဆောင် ရွက်ရန်လိုအပ်နေကြောင်း အထက် မြန်မာပြည် ပုဂ္ဂလိကဆေးရုံများအ သင်းမှ သိရသည်။

" အသင်းကြီးတိုးတက်ဖို့နဲ့ ပုဂ္ဂလိ ကဆေးရုံတွေ ၀န်ဆောင်မှုမြင့်မား စေဖို့ အသင်းသားတိုင်းမှာ တာဝန်ရှိ တဲ့အတွက် တက်တက် ကြွကြွ နဲ့ စုစု စည်းစည်း ကူညီပံ့ပိုးပေးဖို့လိုအပ် ပါတယ်။ နိုင်ငံတော်အပိုင်းကလည်း ပုဂ္ဂလိကဆေးရုံများ အဆင့် အတန်း မြင့်မားလာဖို့ သင်တန်းတွေတက်ခွင့် ပြုနိုင်အောင် စီမံဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်" ဟု အထက်မြန်မာ ပြည် ပုဂ္ဂလိကဆေးရုံများ အသင်း ဥက္ကဋ္ဌ ဒေါက်တာကြည်ရှင်ကပြော သည်။
ပုဂ္ဂလိကဆေးရုံများအသင်းအ နေဖြင့် အသင်းသားများ၏ ဆေးရုံ ၀န်ဆောင်မှုအဆင့်အတန်းမြင့်မား လာစေရန် ထိရောက်သော ကုသမှု များပေးခြင်း၊ ဆေးရုံအချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကူညီပံ့ပိုး ခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ဝေး လံသောဆေးရုံများ ၏လိုအပ်ချက်များကို ကူညီပေးခြင်း၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ဆေး ရုံများနှင့်အဖွဲ့အစည်းများထံမှ အကူ အညီများရယူ၍ အသင်းသားများ၏ အရည်အသွေးမြင့်မားရေးအတွက် သင်တန်းများစီစဉ်ပေးခြင်း များကို ဆောင် ရွက်ပေးနေကြောင်း ၎င်းင်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဆေး ရုံများတည်ထောင်ဖွင့်လှစ်နိုင်ရန် ၂၀၁၁ ခုနှစ်မှစတင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ ပုဂ္ဂလိကဆေးရုံ ပေါင်း ၁၈၀ ကျော် ဖွင့်လှစ်ပေးနိုင်ခဲ့ ကာ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ် ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင် ရန်၊ ပုဂ္ဂလိကဆေးရုံများအသင်းကို လည်း ဖွဲ့စည်းနိုင်ရန် ၂၀၁၂ ခုနှစ် က မှတ်ပုံတင်ခွင့်ပြုခဲ့သည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် လိုင်စင်ရဖွင့်လှစ်နေ သော ပုဂ္ဂလိကဆေးရုံများမှာ ရန်ကုန် တိုင်းဒေသကြီးတွင် ၅၀ရုံ၊ မန္တလေး တိုင်းဒေသကြီးတွင် ၃၇ ရုံ၊ နေပြည် တော်တွင်ကိုးရုံ၊ စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ၂၀၊ တနင်္သာရီတိုင်း ဒေသ ကြီးတွင် ရှစ်ရုံ၊ ပဲခူးတိုင်းဒေသကြီး တွင် ၁၀ ရုံ၊ မကွေးတိုင်းဒေသကြီး တွင် သုံးရုံ၊ ဧရာဝတီတိုင်းဒေသကြီး တွင်ခြောက်ရုံ၊ ကချင်ပြည်နယ်တွင် ၁၂ ရုံ၊ ကရင်ပြည်နယ်တွင်တစ်ရုံ၊ မွန်ပြည်နယ်တွင် ၁၀ ရုံ၊ ရခိုင်ပြည် နယ်တွင်တစ်ရုံနှင့် ရှမ်းပြည်နယ်တွင် ၁၆ ရုံ၊ စုစုပေါင်းဆေးရုံ ၁၈၃ ရုံရှိ ကြောင်း သိရသည်။
Credit To >> Democrecy Today

0 comments:

Post a Comment