31.3.16

အမေရိကန်သမ္မတက မြန်မာနိုင်ငံ၏မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားမည်ဟု ကြေညာချက်ထုတ်ပြန်


မြန်မာနိုင်ငံရှေ့ခရီးဆက်ရာမှာရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေအတွက်အမေရိကန်ပြည်ထောင်စုအနေနဲ့မိတ်ဖက်ကောင်းအဖြစ်ရပ်တည်သွားဖို့ မျှော်လင့်လျက်ရှိကြောင်းအမေရိကန်နိုင်ငံသမ္မတအိုဘားမားကမတ်(၃၀)ရက်ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလိုထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့သမ္မတအဖြစ်ရာထူးတာဝန်လွှဲပြောင်းရယူလက်ခံခဲ့တဲ့ ဦးထင်ကျော်အတွက် မိမိချီးကျူးဂုဏ်ပြုပါကြောင်းနဲ့အစိုးရအဖွဲ့သစ်နဲ့လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်လျက်ရှိပါကြောင်း၊ဦးထင်ကျော်ရဲ့သမ္မတရာထူးလွှဲပြောင်းရယူလက်ခံမှုဟာဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ခြင်းခံရတဲ့အရပ်သားအစိုးရဆီကိုအသွင်ကူးပြောင်းလိုက်တဲ့ မြန်မာနိုင်ငံရဲ့သမိုင်းဝင်မှတ်တိုင်တစ်ရပ်ကိုကိုယ်စားပြုတာဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းမှာအံသြဘနန်းဖြစ်ရတဲ့အဲဒီအခိုက်အတန့်ဟာ မြန်မာပြည်သူ တွေ၊အင်စတီကျူးရှင်းတွေနဲ့ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးအတွက် အတူတကွလုပ်ကိုင်ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှု သက်သေဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး တွေရဲ့သိသာထင်ရှားမှုကို ဖော်ညွှန်းလျက်ရှိကြောင်း ဖော်ပြပါရှိတယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါ တယ်။
Credit To >>> Central News Bureau

0 comments:

Post a Comment