31.3.16

ရန်ကုန်မြို့ရှိ ဈေး ၁၆ ခု အဆင့်မြှင့်တင်မှုလုပ်ငန်းများ မေလတွင် အပြီးသတ် ဆောင်ရွက်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်ဈေး ၁၆ ခုအား နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့်တင်မှုလုပ်ငန်းများ အားလုံးကို မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးများပြီးစီးပါက လမ်းဘေး ဈေးသည်များနှင့် ပျံကျဈေးသည် များကို ယင်းဈေးများ အပေါ်ထပ်၌ နေရာပေး ရောင်းချစေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေး များဌာနမှ သိရသည်။

ရန်ကုန်မြို့အတွင်းရှိ စည်ပင်သာယာရေး ကော်မတီပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေးအဖြစ် ၂ဝ၁၅ ခုနှစ် ဇွန်လကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် မေလအတွင်း ဈေး ၁၆ ခုစလုံး အပြီးသတ်နိုင်မည်ဖြစ်ကာ ပျံကျဈေးသည် များ ဈေးရောင်းချရန် ဆိုင်ခန်းနေရာကို အလှည့်ကျ ငှားရမ်းသည့် စနစ်၊ မဲဖောက်ပေးသည့်စနစ်များ အသုံးပြုတော့မည် မဟုတ်ဘဲ ဦးရာလူစနစ်ဖြင့်သာ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေး၊ ရွှေပြည်သာမြို့နယ်ရှိ အမိုးကြီးဈေး၊ (၁ဝ) ရပ်ကွက်ဈေး၊ ဆိပ်ကြီးခနောင်တိုဈေး၊ အလုံမြို့နယ်ရှိ အလုံဈေး၊ ဒဂုံမြို့နယ်ရှိ အမှတ် (၆) ဈေး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေရေအေးဈေးနှင့် (၂ဝ) ရပ်ကွက်ဈေး များကို နှစ်ထပ်ဈေးအဖြစ် တည်ဆောက်ခဲ့ရာ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ကျန်ဈေးများကိုလည်း အချိန်မီပြီး စီးအောင် ဆောင်ရွက်လျက်ရှိသည်။
မူလက ဈေးများတွင် ပျံကျဈေးသည်များနှင့် လမ်းဘေးဈေးသည်များကို ဈေးအပေါ်ထပ်၌ အလှည့်ကျငှားရမ်းသည့် စနစ်၊ မဲဖောက်သည့်စနစ်ဖြင့် နေရာချပေးရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ဦးရာလူစနစ်ဖြင့်သာ ရောင်းချစေမည်ဖြစ်ပြီး လက်ရှိရောင်း ချနေသူများအား အောက်ထပ်တွင်သာ ရောင်းစေမည်ဖြစ်ကြောင်း ဈေးများဌာနမှ သိရသည်။
ရန်ကုန်မြို့တော်အတွင်း ရောင်းချလျက်ရှိသော လမ်းဘေးဈေးသည်များ အတွက် ရည်ရွယ်၍ အဆိုပါဈေးများ ကို နှစ်ထပ်ဈေး အဖြစ် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရခြင်း ဖြစ်ပြီး ဈေးပတ်ဝန်းကျင်နှင့် လမ်းပေါ်ဈေးရောင်းချမှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment