31.3.16

မြစ်ကြီးနားမြို့နယ် နန်းကွေ့-နောင်ပုံကျေးလက်လမ်း ဆောင်ရွက်ပြီးစီး


မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာနှင့် နောင်ပုံကျေးရွာဆက်သွယ်သည့်လမ်းမှ အရှည်တစ်မိုင် ၂ ဒသမ ၄၅ ဖာလုံရှိ လမ်းအပိုင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၂ ဒသမ ၇၆၂ သန်းဖြင့် ဇီးကွက်နှစ်ကောင်ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ ကျောက်လမ်းအဖြစ်လည်းကောင်း၊ အရှည်တစ်မိုင် ၂ ဒသမ ၄၅ ဖာလုံရှိ လမ်းအပိုင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ဝ၉၈ သန်းဖြင့် ဇီးကွက်နှစ်ကောင်ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ မြေသားလမ်းအဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။

ယခုအခါ အဆိုပါကျေးလက်လမ်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်သောကြောင့် ဒေသခံပြည်သူများ စိတ်ချမ်းမြေ့အဆင်ပြေစွာ အသုံးပြုသွားလာလျက်ရှိကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment