31.3.16

နိုင်ငံတော်သမ္မတ၏ အရေးပေါ်အခြေအနေရုပ်သိမ်းခြင်းနှင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို အသိမမှားရန်လိုအပ်ဟုဆို


ရခိုင်ပြည် နယ်တွင် ထုတ်ပြန်ထားသည့်အရေး ပေါ်ကာလအခြေအနေ ရုပ်သိမ်းခြင်း နှင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို ဒေသခံများ အနေဖြင့် အသိမမှားရန်လိုအပ် ကြောင်း မောင်တောမြို့မှအထက် တန်းရှေ့နေတစ်ဦးက ပြောကြား သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခု နှစ်ကထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဖြင့် ထုတ်ပြန်ခဲ့သော အရေးပေါ်အခြေ အနေကို ပြန်လည်ရုပ်သိမ်းကြောင်း မတ် ၂၈ ရက်တွင် နိုင်ငံတော် သမ္မတက ထုတ်ပြန်ခဲ့သည်။
" အရေးပေါ်အခြေအနေကြေ ညာချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတက ထုတ်ပြန် ပေးရတာဖြစ်ပြီးတော့ ပုဒ်မ ၁၄၄ က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန် ပေးရတာဖြစ်တဲ့အတွက် အရေးပေါ် အခြေအနေရုပ်သိမ်းပေမယ့် ပုဒ်မ ၁၄၄ က ထုတ်ပြန်ထားတဲ့ဒေသမှာ ဆက်ရှိနေပါမယ်၊ အဲဒါကိုဒေသခံ တွေ အသိမမှားဖို့လိုအပ်ပါတယ် " ဟု မောင်တောမြို့မှ အထက်တန်း ရှေ့နေတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခု နှစ် ဆူပူအကြမ်းဖက်မှုများကြောင့် ဘင်္ဂါလီအများစုနေထိုင်လျက်ရှိ သော မြို့နယ်များတွင် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့ရပြီး နိုင်ငံတော်သမ္မတ က အရေးပေါ်အခြေအနေကို ထုတ် ပြန်ပေးခဲ့ခြင်းဖြစ်သည်။
ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား ပြီးနောက် နှစ်နှစ်ကျော် သုံးနှစ်အ ချိန်ကြာမြင့်လာချိန် ဒေသအခြေအ နေမှာ လည်း ပြန်လည်တည်ငြိမ် လာ သည့်အတွက် မောင်တောခရိုင်မှ အပ အခြားမြို့နယ်များတွင်ထုတ် ပြန်ထားခဲ့သည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ပြန်လည်ရုပ်သိမ်းခဲ့ သည်။
လက်ရှိတွင် မောင်တောခရိုင် ဖြစ်သည့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန်ထားဆဲဖြစ် ကြောင်း သိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment