31.3.16

အီစတာပွဲတော်ပန်းခြံဗုံးပေါက်မှုနောက်ပိုင်းစစ်သွေးကြွ(၂၀၀)ကျော်ကို ပါကစ္စတန်ဖမ်းဆီး


ကလေးငယ်အများစုပါဝင်တဲ့လူ(၇၃)ဦးသေဆုံးခဲ့တဲ့ပန်းခြံဗုံးပေါက်ကွဲမှုဖြစ်
ပွါးပြီးချိန်ကတည်းကစစ်သွေးကြွ(၂၀၀)ကျော်ကိုပါကစ္စတန်မှာဖမ်းဆီးထိန်း
သိမ်းထားတယ်လို့အာဏာပိုင်တွေကမတ်လ(၂၉)ရက်နေ့မှာပြောပါတယ်။

တိုက်ခိုက်မှုတွေရဲ့နောက်ကွယ်ကစစ်သွေးကြွ တွေဟာဝန်ကြီးချုပ်ကိုမခံ
ချင်အောင်ပြောဆိုနေကြတယ်လို့သိရပါတယ်။လာဟိုးမြို့တော်နယ်မြေထဲ
မှာရှိနေကြတဲ့ပန်းခြံတွေကိုလုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားကာပြန်
လည်ဖွင့်လှစ်ခဲ့ချိန်မှာပန်ဂျပ်ပြည်နယ်တစ်လွှားဝင်ရောက်စီးနင်းဖမ်းဆီး
မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့တဲ့
Gulshan-i-Iqbal(ဂူလ်ရှန်အီ-အစ်ဘာလ်)ပန်းခြံကတော့ဆက်လက်ပိတ်
ထားဆဲပါ။ရဲတပ်ဖွဲ့၊လက်နက်ကိုင်တပ်ဖွဲ့နဲ့ထောက်လှမ်းရေးအဖွဲ့ဝင်တွေ
ဟာပန်ဂျပ်ပြည်နယ်မှာလွန်ခဲ့တဲ့(၂၄)နာရီအတွင်းစစ်ဆင်ရေး(၅၆)ခု
ကိုဆောင်ရွက်ခဲ့ကာလူပေါင်း(၅၀၀၀)ထောင်ကျော်ကိုရှာဖွေ၊စစ်ဆေး
မေးမြန်းခဲ့ပြီးအများစုကိုပြန်လွှတ်ပေးခဲ့ပေမဲ့(၂၁၆)ဦးခန့်ကိုတော့ထပ်မံ
စစ်ဆေးသွားဖို့ရှိနေတယ်လို့ ပန်ဂျပ်ပြည်နယ်တရားရေးရာဝန်ကြီး
Rana Sanaullah(ရာနာဆာနာအူလ်လာ)ကပြောပါတယ်။နိုင်ငံအတွင်း
ကခရစ်ယာန်ဘုရားကျောင်းတွေရဲ့လုံခြုံရေးကိုတိုးမြှင့်ချထားတယ်လို့
AFP သတင်းမှာဖော်ပြထားပါတယ်။

Credit To >>> Central News Bureau

0 comments:

Post a Comment