25.4.16

အရှေ့တရုတ်ပင်လယ် ဂျပန်ရေပိုင်နက်အတွင်း တရုတ်ကင်းလှည့်သင်္ဘောများ ကျူးကျော်ဝင်ရောက်

တရုတ်ကင်းလှည့်သင်္ဘောများက အရှေ့တရုတ်ပင်လယ် စင်ကာကူကျွန်းစုများအနီး ဂျပန်နိုင်ငံရေပိုင်နက်အတွင်း သို့ ရုတ်တရတ် ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့များက ယနေ့ပြောကြားခဲ့သည်။

ဧပြီ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကင်းလှည့် သင်္ဘောများသည် အူဆာရီကျွန်း ကမ်းလွန်ပင်လယ်ပြင် ဂျပန်နိုင်ငံ၏ရေပိုင်နက်အတွင်းတွင် အချိန်အားဖြင့် မိနစ် ၉ဝ ကြာ လှည့်ပတ်ခုတ်မောင်းနေခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့များက ဆက်လက်ပြောကြားခဲ့သည်။
ထိုသို့တရုတ်ကင်းလှည့်သင်္ဘောများ ဂျပန်ရေကြောင်း ပိုင်နက်အတွင်းသို့ ဝင်ရောက်ခြင်းသည် ယခုနှစ် ဧပြီ ၁၄ ရက်စမှစ၍ ပထမဆုံးအကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အရှေ့တရုတ်ပင်လယ်ရှိ စင်ကာကူကျွန်းစုများကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားသော်လည်း တရုတ်နှင့် ထိုင်ဝမ်တို့က ယင်းကျွန်းများကို ၄င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုကြပြန်သည်။
သမိုင်းအစဉ်အလာနှင့် နိုင်ငံတကာဥပဒေအရ အဆိုပါကျွန်းများသည် ဂျပန်နိုင်ငံ၏ ရေပိုင်နက်ထဲတွင် ပါရှိနေကြောင်း ဂျပန်အစိုးရက ဆိုသည်။
Credit To >>> The MIrror Daily

0 comments:

Post a Comment