8.4.16

တပ်မတော်နှင့် KIA တပ်မဟာ ၅လက်အောက်ခံတပ်ရင်းတို့ တိုက်ပွဲဖြစ်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာအနီးတွင် ဧပြီ ၇ ရက် နံနက် ၇ နာရီချိန်တွင် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၈ ၏ ရှေ့တန်းစခန်းအား လက်နက်ကြီးများဖြင့် နာရီဝက်ခန့်ကြာ ပစ်ခတ် တိုက်ခိုက်သည်ဟု KIO ၏ ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“နမ်ဆန်ယန်ကနေ အနောက်ဘက်ကို သွားတဲ့ ဘန်ဒေါင်ဆိုတဲ့ ရွာဟောင်းမှာ ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှေ့တန်း ကာကင်းနေရာမှာ တပ်မတော်ဘက်က အင်အား ၅၀၊ ၆၀ လောက်နဲံ အဝေးကနေ လာပြီး လက်နက်ကြီးနဲ့ ဝိုင်းပစ်တယ်လို့ ကြားတယ်”ဟု မဇ္စျိမကို ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရသည့်အကြောင်းအရင်း အသေးစိတ် မသိသေးသော်လည်း လိုင်ဇာ၏ အနောက်ဘက် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိ နမ်ဆန်ယန်နှင့် ဘန်ဒေါင်ကျေးရွာအကြား KIAရှေ့တန်းစခန်းအား ရှင်းလင်းလိုသည့်သဘောရှိသည်ဟု သူက ပြောသည်။
”အသေးစိတ်တော့ မသိရသေးဘူး။ ကျွန်တော်ထင်တာက မြစ်ကြီးနား ဗန်းမော်ကားလမ်းရဲ့ အနောက်ဘက်မှာ ကျွန်တော်တို့ ရှေ့တန်းစခန်းတွေကို ဖြေရှင်းချင်တဲ့သဘောနဲ့ လာပစ်တယ်လို့ ယူဆပါတယ်။”ဟု သူက ဆက်လက် ပြောဆိုသည်။
လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော နေရာတွင် ၂၀၁၅ ခုနှစ်အတွင်းက KIO လိုင်ဇာဌာနချုပ်အနီး အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားမှုမရှိတော့သော်လည်း ယခု ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သလို၊ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲ ဖ်ြစ်ပွားရခြင်းလည်း ဖြစ်သည်။
သို့သော် မတ်လ ၂၈ ရက်က မန်စီမြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေအတွင်း အစိုးရ စစ်တပ်အင်အား ၁၀၀ ကျော်က လှုပ်ရှားလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။
ဧပြီ ၆ ရက်မှစတင်၍ လိုင်ဇာဌာနချုပ်တွင် လက်ရှိ အစိုးရသစ်နှင့်ငြိမ်းချမ်းရေး ဆွးနွေးနိုင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က အရပ်သားများ ပါဝင်သော “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့”(Shawng lam Mungmasa Jasat Hpung- SMJH)၏ လုပ်ငန်းအစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်သည်။
Credit To >>> Mizzima Burmese 

0 comments:

Post a Comment