8.4.16

မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ထုတ်ပြန်

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄ဝ(က) အရ ထုတ်ပြန် သည့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို မတ် ၂၈ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၁ဝ၁၄/၂ဝ၁၆ ဖြင့် ထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ ပြင်ဆင်သည့်နည်းဥပဒေတွင် စာပိုဒ်(၁၄)ပိုဒ်ပါရှိပြီး ယင်းတွင် နည်းဥပဒေ၏အခေါ်အဝေါ်၊ နည်းဥပဒေခွဲ၊ နည်းဥပဒေခွဲငယ်များအလိုက် စကားရပ်များပယ်ဖျက်ခြင်း၊ အစားထိုးခြင်း၊ ဖြည့်စွက်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ထားရှိသည်။
အဆိုပါနည်းဥပဒေအား နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ ခရိုင်နှင့် မြို့နယ်အားလုံးသို့ ဖြန့်ဝေထားပြီး မြန်မာနိုင်ငံ ပြန်တမ်းတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Credit To- MOI Webportal Myanmar

0 comments:

Post a Comment