4.6.16

အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေတဲ့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေ အရေးယူဖို့ လိုပြီ

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတုန်းက မြန်မာပြည်မှာ အင်တာနက်လို့ ပြောလိုက်ရင် ဖြူသလား၊ မည်း သလားလို့ ပြန် အမေးခံရပါတယ်။
အခုခေတ် မှာတော့ အင်တာနက်ဆိုတာကို မြန်မာပြည်ရဲ့ မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြတဲ့ ကလေးနီး ပါးတိုင်း သိနေကြပါပြီ။
အင်တာနက်လိုင်းကနေ မြန်မာပြည်က အမေရိကန်မှာကျောင်းတက်နေတဲ့၊ အလုပ် လုပ်နေတဲ့ မိမိရဲ့သွေးချင်းသားချင်းတွေ အပြင် မိတ်ဆွေသူငယ်ချင်းတွေကို စက္ကန့်ပိုင်း မိနစ် ပိုင်းနဲ့ဆက်သွယ်လို့ရပါနေပြီ။ အဲဒီလိုပဲ လက် ရှိတစ်ကမ္ဘာလုံးမှာဖြစ်နေ ပျက်နေတဲ့ အဖြစ်အ ပျက်တွေကိုလည်း အချိန်ပိုင်းလေးအတွင်း စားပွဲပေါ်မှာရှိတဲ့ ကွန်ပျူတာအင်တာနက်ကနေ တစ်ဆင့် ထိတွေ့ခံစားနိုင်ပြီဖြစ်ပါတယ်။
အဲဒီလိုမျိုးတွေခံစားနိုင်ဖို့အတွက်လည်း နိုင်ငံတော်အပိုင်းကနေပြီးတော့ ပြည်တွင်းက ပုဂ္ဂလိကပိုင်ဆက်သွယ်ရေး ကုမ္ပဏီတွေ ကို ပြည် သူတွေအတွက် ၀န်ဆောင်မှုတွေပေးဖို့ လုပ်ကိုင် ခွင့်တွေချပေးခဲ့ပါတယ်။ နိုင်ငံတော် ကနေပြီး တော့ ပြည်သူ အတွက် ၀န်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ကို လုပ်ကိုင် ခွင့်ပေးထားပေ မယ့် ပြည်သူတွေ အနေနဲ့ကတော့ မိမိတို့ပေးရတဲ့ငွေကြေးနဲ့ ကုမ္ပ ဏီတွေဆီကနေပြီးတော့ ပြန်ရတဲ့ဝန်ဆောင် မှုက မတန်ဘူးလို့ဆိုပါတယ်။ ဆိုလိုတာကတော့ ဖိုက်ဘာ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေ အနေနဲ့ သတ်မှတ်ထားတဲ့လစဉ်ကြေးတွေ ကို တော့ ယူပြီး ပြည်သူတွေ ကို ၀န်ဆောင်မှုကောင်း ကောင်း ပြန်မပေးတာမျိုးဖြစ်နေတာပါ။
ဘယ်သူတွေက ၀န်ဆောင်မှုပေးနေလဲ
+++++++++++++++++++++++++++++
လက်ရှိမှာ နိုင်ငံတော်အပိုင်းကနေပြီးတော့ အင်တာနက်ဆိုင်ရာလုပ်ငန်းတွေကို ပြည်သူ တွေအတွက် ၀န်ဆောင်မှုပေးဖို့ အတွက် Fortune ၊ Elite ၊ Redlink နဲ့ ရတနာပုံတယ်လီပို့ စတဲ့ ကုမ္ပဏီတွေကနေပြီးတော့ ၀န်ဆောင်မှုတွေပေး နေပြီးတော့ အခုအချိန်မှာ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းကလည်း ၀န်ဆောင်မှုတွေပေးနေ ပါတယ်။
ကုမ္ပဏီအဖွဲ့အစည်းတစ်ခုအနေနဲ့ ဖိုက် ဘာအင်တာနက်လိုင်းအသုံးပြုမယ်ဆိုရင်တော့ အဲဒီကုမ္ပဏီတွေကနေပြီးတော့ အင်တာနက် လိုင်းလျှောက်ထားရမှာဖြစ်ပါတယ်။ သူတို့ဆီ မှာတော့ သတ်မှတ်ထားတဲ့နှုန်းထားတွေရှိပါ တယ်။ အဲဒီအင်တာနက်ကုမ္ပဏီတွေကနေပြီး တော့ အင်တာနက်လိုင်းကိုယူသုံးမယ်ဆိုရင် ပုံမှန်အားဖြင့် တစ်လကို ကျပ်သောင်းဂဏန်း ကနေပြီးတော့ သိန်းဂဏန်းအထိ ပေးသွင်းနေ ရပါတယ်။ အဲဒီနှုန်းထားထက်များတဲ့ ပမာဏ တွေလည်းရှိပါသေးတယ်။
အဲဒါတင်မဟုတ်ပါ ဘူး။ အင်တာနက်လိုင်းကို မိမိရဲ့အလုပ်ခွင်မှာ တပ်ဆင်မယ်ဆိုရင်တော့ တပ်ဆင်ကြေးလည်း ပေးရပါတယ်။
အိုင်စီတီကျွမ်းကျင်သူကိုအောင်မျိုးက " အင် တာနက်ကုမ္ပဏီတစ်ခုကနေ 2MB ယူတဲ့အ တွက် တစ်လကိုလစဉ်ကြေး ကျပ် ၁၂၅၀၀၀ ပေးရတယ်။ တပ်ဆင်တုန်းကလည်း တပ်ဆင် ခပေးရတယ်။ အဲဒီတုန်းက စက်ပိုင်းဆိုင်ရာ တစ်ခုခုဖြစ်ရင် အချိန်မရွေး ဖုန်း ဆက်ပါပြော တယ်။ အခုကျတော့ Complain တင်ချင်တယ် ဆိုရင် တစ်ရက်ကြိုတင်ရတယ်။ ကျွန်တော်တို့ က အင်တာနက်နဲ့ နေ့စဉ် အလုပ်လုပ်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ပိုက်ဆံကတော့ လစဉ်ပေးရတယ်။ ၀န်ဆောင်မှု ကတော့ အပြည့် မရဘူး။ အင်တာနက်လိုင်းကျလို့ ဖုန်းဆက်ရင် အမျိုးမျိုးပြောတယ်။ ကိုယ့်ဘက်က စက်တစ်ခု ဖြစ် လို့ ပြင်ဆင်ရတာကိစ္စမရှိဘူး။ သူတို့ဆီက ပေးတဲ့ လိုင်းကကျနေတဲ့အတွက် ဘာမှကို လုပ်လို့မရဘူး" လို့ပြောပါတယ်။
ဈေးကွက်အတွင်းမှာ ၀န်ဆောင်မှုပေး နေတဲ့ အင်တာနက်ကုမ္ပဏီတွေက ဈေးကွက် အတွင်းမှာ သူတို့ပဲရှိတယ်။ သုံးချင်ရင်သုံး မသုံး ချင်လည်းနေဆိုတဲ့ အချိုးမျိုးတွေနဲ့သုံးစွဲနေ တဲ့ ပြည်သူတွေအပေါ် ဆက်ဆံနေတယ်လို့ ဆိုပါတယ်။
Myanmar Links Co.,Ltd မှ ကိုစိုးသီ ဟနောင်က " အင်တာနက်သုံးရတာကတော့ အဆင်မပြေဘူး။ အခု ကိုယ့်ဖုန်းလိုင်း ကနေပြီး တော့ပဲသုံးနေရတယ်။ အင်တာနက်ကုမ္ပဏီတွေ အနေနဲ့လည်း သူတို့ဆီကပေးတဲ့ဝန်ဆောင် မှုကိုလည်း မှန်မှန်ကန်ကန်ကောင်းကောင်း မွန် မွန်ပေးဖို့လိုတယ်" လို့ဆိုပါတယ်။
အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ၀န်ဆောင်မှုပေးထားသော ADSL အင်တာနက်လိုင်းတွေက လည်း နှေးကွေးမှု တွေဖြစ်နေတယ် လို့ဆိုပါတယ်။
အိုင်စီတီကျွမ်းကျင်သူ ကိုအောင်မျိုးက " ADSL လိုင်းတွေကကျနေတယ်။ Complain တင်ရတယ်။ အဲဒီလို Complain တင်တဲ့အခါ ဖုန်းမြည် ရင်လည်း မကိုင်ဘူး။ ဖုန်းကိုင် လို့ရှိရင် လည်း ဟိုဘက်ချိန်း ဒီဘက်ချိန်းလုပ်နေတယ်။ ၀န်ဆောင်မှုအပြည့်မပေးဘူး" လို့ ပြောပါတယ်။
ဝန်ဆောင်မှုတွေက ပြည်တွင်းမှာလည်း အင်တာနက်အသုံးပြု မယ်ဆိုရင်တော့ လက်ရှိလိုင်စင်ရရှိထားတဲ့ ကုမ္ပဏီတွေဆီကပဲ ၀ယ်ယူသုံးစွဲနေရတာ ကြောင့် ကုမ္ပဏီတွေအနေနဲ့ ၀န်ဆောင်မှုအပိုင်း တွေမှာ လစ်ဟင်းနေတာမျိုးဖြစ်တယ်လို့ဆိုပါတယ်။
အိုင်စီတီ လုပ်ငန်းကျွမ်းကျင်သူ Myanmar Links Co.,Ltd မှ ကိုစိုးသီဟနောင်က " Quality Control (QC) ပိုင်းမှာလည်း လုပ်ပေးသင့် တယ်။ အဓိကတော့ ဖိုက်ဘာ အင်တာနက် ကုမ္ပဏီတွေအနေနဲ့ ကိုယ်ကပေးထားတဲ့ လိုင်း တွေက သုံးစွဲတဲ့သူတွေ တကယ်ရရဲ့လား၊ အ ဆင်ပြေရဲ့လားဆိုတာမျိုးတွေကို ပြန်ပြီးလုပ် ပေးသင့်တယ်။ အဲဒီလိုပဲ Complain တွေဖြေ ပေးတာ စနစ်ကျရဲ့လားကအစလိုက်ပြီးတော့ ၀န်ဆောင်မှုပေးသင့်တယ်" လို့ပြောပါတယ်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုး အားကောင်းလာဖို့အတွက် ဆက်သွယ်ရေးကဏ္ဍ လည်း ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပြီး အင်တာ နက်လိုင်းတွေရဲ့ ကောင်းမွန်မှုကလည်း ပြည် တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် တစ်စိတ် တစ်ပိုင်း အထောက် အပံ့ဖြစ်စေပါတယ်။ ဆိုလို တာက လက်ရှိပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ က နိုင်ငံတကာနဲ့ချိတ်ဆက် လုပ်ကိုင်နေတာ တွေ၊ သတင်းအချက်အလက်တွေပေးပို့တဲ့ နေရာတွေမှာ အင်တာနက်လိုင်းကောင်းမွန်မှု က အခရာကျလှပါတယ်။ အင်တာ နက်လိုင်း တွေမကောင်းဘူးဆိုရင်တော့ စီးပွားရေးလုပ် ငန်းတွေကို နှောင့်နှေးမှုတွေ အနည်းနဲ့အများ တော့ဖြစ်စေပါ တယ်။
အိုင်စီတီလုပ်ငန်းကျွမ်းကျင်သူ Alpha Co.,Ltd မှ ဦးရဲမြတ်သူက " အဓိကတော့ အရင် တုန်းကတည်းက ဒီကုမ္ပဏီတွေပဲ ရှိတယ်။ အခြား ဟာမရှိဘူး။ အဲဒီအထဲမှာ ဘာပါသလဲဆိုရင် အင်တာနက်လိုင်းတွေ ရပ်တာပဲဖြစ်ဖြစ်၊ နှေး တာပဲဖြစ်ဖြစ် သူတို့မှာ တာဝန်မရှိပါဘူးဆိုပြီး သုံးစွဲသူကနေပြီးတော့ လက်မှတ်ထိုးပေးလိုက် ရတာ။ လိုင်းတစ်လိုင်းတပ်ဆင်တယ်။ သူတို့ လိုင်းက ကိုယ်ယူမယ့်နေရာနဲ့မနီးဘူးဆိုရင် သုံး စွဲသူက ကိုယ့်ပိုက်ဆံနဲ့ကိုယ်စိုက်ပြီး ကြိုးဝယ် ပြီးသုံးရတာတွေရှိတယ်။ အရင်တုန်းကဆိုရင် ကျပ်သိန်းဂဏန်းအထိပေးရတယ်။ လစဉ်ကို လည်း သိန်းဂဏန်းပေးရတယ်။ အရင်တုန်းက လိုင်းက အခုလောက်မကျဘူး။ အခုနှစ်ဆန်း ပိုင်းကစပြီးတော့ လိုင်းကတော်တော်လေးကျ တယ်။ Notification ကျပ်လာရင် ကိုယ့်မိုဘိုင်း လိုင်း ထုတ်ပြီးသုံးနေရသလိုမျိုးဖြစ်နေတယ်။ လစဉ်ကြေးကတော့ပေးထားတယ်။ ဘဏ်တွေ မှာ အေတီအမ်စက်တွေကနေ ပိုက်ဆံထုတ်လို့ မရဘူးဆိုတာကလည်း အဲဒီအင်တာနက်လိုင်း တွေမကောင်းလို့ဖြစ်နေတာ" လို့ ပြောပါတယ်။
လိုင်စင်တွေ ပြန်သိမ်းသင့်သလား
+++++++++++++++++++++++++
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ လျှပ် စစ်ဝန်ကြီးဌာနကနေပြီးတော့ ပုဂ္ဂလိကပေး ထားတဲ့လုပ်ငန်းတွေ ၀န်ဆောင်မှုမကောင်းရင် လိုင်စင်ပြန်သိမ်းမယ်လို့ပြောထားတယ်။ အဲဒါ ကြောင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကိုဝန်ဆောင် မှုပေးမယ် ဆိုပြီး လိုင် စင်ရယူထားပြီး လုပ်ဆောင်မှုမရှိတဲ့ ဖိုက်ဘာ အင်တာနက်ကုမ္ပဏီတွေကို စစ်ဆေးကြပ်မတ် မှုတွေလုပ်ပြီး လုပ်ဆောင်မှုမရှိရင် လိုင်စင်ပြန် သိမ်းတာမျိုးလုပ်သင့်တယ်လို့ဆိုပါတယ်။
ကိုအောင်မျိုးက " Complain တင်ပြီဆို တာနဲ့ သူတို့ပြောတာက " ခလုတ်ကလေးပိတ် လိုက်ပါဦး၊ စက်ကို Restart လေးချ လိုက်ပါ ဦး ဆိုပြီး လိုင်းကကောင်းမလာဘူး။ ပြည်သူ တွေဆီက ပိုက်ဆံတော့ယူပြီး ၀န်ဆောင်မှု ကောင်းကောင်း မပေးနိုင် တဲ့ ကုမ္ပဏီတွေကို အစိုးရအနေနဲ့ အရေးယူမှုတွေပြုလုပ်သင့် တယ်" လို့ပြောပါတယ်။
လက်ရှိ ဈေးကွက်အတွင်းမှာလုပ်ကိုင် ခွင့်ရထားတဲ့ ဖိုက်ဘာအင်တာနက်လိုင်း ၀န် ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကတော့ လစဉ်ကြေး တွေကို ပုံမှန်ယူဆောင်ပြီးတော့ ၀န်ဆောင်မှု အပိုင်းမှာတော့ လျစ်လျူရှုထားတယ်လို့ သုံးစွဲ သူတွေကဆိုပါတယ်။
ကိုစိုးသီဟနောင်က " အားလုံးကို လိုင် စင်ပြန်သိမ်းပြီး ပြန်လုပ်မယ်ဆိုရင် ဒီကလက် ရှိ Infrastructure ပိုင်းတွေ ပြန်လုပ်ရမယ်။ အခုလုပ်ထားတဲ့လိုင်းတွေကို ပြန်ဖြုတ်သိမ်း ပြီးတော့ နောက်ကုမ္ပဏီတစ်ခုက ပြန်လုပ်ဆို တာမျိုးကတော့လည်း မဖြစ်သေး ဘူးလေ။ သုံးစွဲ တဲ့ပြည်သူတွေကပဲ ခံနေရဦးမှာပဲ။ ငါးနှစ်၊ ခြောက် နှစ်လောက် ပြန်စောင့်နေရဦးမယ်" လို့ ပြောပါ တယ်။
ဈေးကွက်အရ ယှဉ်ပြိုင်မှုဖြစ်အောင် တွန်းအားပေးဖို့လို
++++++++++++++++++++++++++++++++++++
ပြည်တွင်းမှာရှိတဲ့ အင်တာနက်ဝန်ဆောင် မှုကုမ္ပဏီတွေကတော့ ဈေးကွက်အတွင်း သူ တို့ပဲရှိနေတဲ့အတွက် မင်းမူနေ တာမျိုးဖြစ်ပြီး အဲဒီလိုမျိုးမဖြစ်အောင် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုတွေဖြစ်လာဖို့အတွက် အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီတွေကို ထပ်မံလုပ်ကိုင်ခွင့် တွေပေးဖို့လိုတယ်လို့ သုံးစွဲသူတွေက မှတ်ချက် ပေးပါတယ်။
ကိုစိုးသီဟနောင်က " လိုင်စင်ပြန်သိမ်း တယ်ဆိုတာမျိုးကတော့မလွယ်ဘူး။ တကယ် ဖြစ်သင့်တာကတော့ Competitive Force တစ်ခု ဖြစ်လာဖို့လိုတယ်။ အဓိကကတော့ ယှဉ်ပြိုင်မှု တွေပေါ်လာဖို့လိုတယ်။ Competitive Force ဖြစ်လာရင်တော့ အားလုံး က ယှဉ်ပြိုင်ရင်းနဲ့ အားလုံးက အကောင်းဆုံးဖြစ်လာမယ်လို့ထင် တယ်။ အခုဆိုရင်လည်း တချို့ဖိုက်ဘာအင်တာ နက်ကုမ္ပဏီ လိုင်း အသစ်တွေလည်းရှိလာတယ်။ Myanmar Net ဆိုတာရှိတယ်။ သူတို့ကပေး ထားတဲ့ငွေကြေးနဲ့ ပြန်ရတဲ့ဝန်ဆောင် မှုကလည်း တန်တယ်လို့ပြောရမယ်။ အခု တစ်ခုပြီး တစ်ခု ထွက်လာတာလည်းတွေ့ရတယ်။ အဲဒီလိုလုပ် ရင်းနဲ့ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုတွေဖြစ်လာ ပြီးတော့ ၀န်ဆောင်မှုအပိုင်းတွေလည်း ကောင်း သွားမယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကဆိုရင် ADSL လိုင်းက ဘယ်လိုမှသုံးမရဘူး။ နောက်ပိုင်းတော့ နည်းနည်းပြန်ကောင်းလာတယ်။ အဓိကကတော့ Competitive Force ရှိလာရင်တော့ ပိုကောင်း လာမယ်။ Competitive Force ရှိလာဖို့ဆိုရင် တော့ လိုင်စင်လုပ်ပိုင်ခွင့်ကတော့ရှိပြီးသားဆို တော့ အဲဒီလုပ်ငန်းတွေ ကို လုပ်ကိုင်ရင်းနဲ့ များ လာတဲ့အခါ ပိုကောင်းသွားမယ်လို့ထင်တယ်" လို့ပြောပါတယ်။
သုံးစွဲသူတွေအနေနဲ့ ဖိုက်ဘာအင်တာနက် လိုင်းတွေအသုံးပြုတော့မယ်ဆိုရင် သက်ဆိုင် ရာကုမ္ပဏီတွေနဲ့ နှစ်ဦးသဘောတူစာချုပ်ချုပ် ထားရတယ်လို့ဆိုပါတယ်။
ဦးရဲမြတ်သူက " အခုအင်တာနက်လိုင်း ၀န်ဆောင်မှုကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ထားက တည်းက ကြိုက်သလိုပျက် ကြိုက်သလိုနှေး သုံး ပါ့မယ်ဆိုပြီး စာချုပ်ချုပ်ထားရတယ်။ ဥပဒေ အရ သွားပြောလို့မရဘူး။ အဲဒါတွေကို ပြန် ပြောင်းပေးရမယ်။ အဲဒါမှ အာမခံတဲ့သူ ဆီမှာ ပဲ ၀ယ်မယ်ဆိုတာမျိုးဖြစ်သွားမှာပေါ့။ ငါဖြတ် ချင်ဖြတ်မယ်။ ငါလာချင်လာမယ်ဆိုတာမျိုး ဖြစ် နေတယ်။ ဟိုတယ်တစ်ခုတည်းရှိနေရင်တော့ အဲဒီဟိုတယ်က ရေလာလာ၊ မလာလာ တည်းရ မှာပဲ။ ဟိုတယ်တွေအများကြီး ရှိတယ် ဆိုရင် တော့ ရေမလာတဲ့ ဟိုတယ်မတည်းဘူးပေါ့။ အဲဒီသဘောပဲ။ အဲဒီလိုမျိုး အင်တာနက်ဝန် ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေများ လာပြီဆိုရင် ဈေးကွက်ထဲအပြိုင်ဖြစ်ပြီးတော့ ၀န်ဆောင်မှု ကောင်းလာမယ်။ ၀န်ဆောင်မှုကို မကြိုးစားဘဲ ငါတို့က လိုင်စင်ရထားပြီး သားပဲဆိုပြီး လုပ်ချင် ရာလုပ်နေတာ။ အခုက လုပ်ခွင့်ရတဲ့သူတွေပဲ လုပ်နေတဲ့အတွက် ဈေးကွက်အတွင်းမှာ ပြိုင် ဆိုင်မှုအားနည်းတယ်။ ငါတို့ပဲလုပ်လို့ရတာ ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးဖြစ်နေတယ်။ ငါ တို့ပဲရှိတယ်။ မ၀ယ်ချင်လည်းမတတ်နိုင်ဘူး ဆိုတဲ့အချိုးတွေ။ တစ်ဦးဆီက တစ်လ ကျပ် တစ်သိန်းရတယ်ဆိုရင် နည်းမှမနည်းတာ"
လို့ ဆိုပါတယ်။
နိုင်ငံတကာမှာ ဘယ်လိုရှိသလဲ
++++++++++++++++++++++++
ပြည်တွင်းက ဖိုက်ဘာအင်တာနက်ဝန် ဆောင်မှုကုမ္ပဏီအနေနဲ့ လစဉ်ကြေးတွေကို တော့ နိုင်ငံတကာအတိုင်းယူပြီး ၀န်ဆောင် မှုတွေကိုလည်း နိုင်ငံတကာအတိုင်း ပေးဆောင် သင့်တယ်လို့ဆိုပါတယ်။
ဦးရဲမြတ်သူက " နိုင်ငံတကာမှာ ကတော့ ဘယ်လောက်အထိ Quality ရှိရမယ်လို့ဆို တာရှိတယ်။ QOS ဆိုတာရှိတယ်။ Quality of Service ပေါ့။ တစ်ယောက်နဲ့တစ်ယောက် အာမခံချက်တစ်ခုအနေနဲ့ပေးရတာရှိတယ်။ နိုင်ငံတကာမှာတော့ ဘယ်လောက်ရောင်းရင် ဘယ်လိုအာမခံပေးရမယ်ဆိုတာမျိုးရှိတယ်" လို့ ဆိုပါတယ်။
ဘယ်လိုဖြစ်သင့်သလဲ
++++++++++++++++++
အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေအနေ နဲ့ သုံးစွဲသူတွေ အဆင်ပြေစေဖို့အတွက် သီး သန့်အင်တာနက်လိုင်းတစ်ခုကို အပိုဝန်ဆောင် မှုအဖြစ် ပေးထားသင့်တယ်လို့ဆိုပါတယ်။
ဦးရဲမြတ်သူက "အာမခံချက်လိုင်းတစ် လိုင်းပေးထားဖို့လိုတယ်။ လိုင်းတစ်လိုင်းသီး သန့်ပေးထားတာမျိုးပေါ့။ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုထားပြီး လိုင်းတစ်လိုင်းပေးထား ဖို့လိုတယ်" လို့ဆိုပါတယ်။
နိုင်ငံတော် ကြပ်မတ်ဖို့
++++++++++++++++++++
လက်ရှိမှာဆက်သွယ်ရေးလုပ်ငန်းတွေ နဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ် နည်းတွေရှိပေမယ့် လုပ်ငန်းရှင်တွေ အပိုင်း ကလည်း လိုက်နာမှုအားနည်းသလို နိုင်ငံတော် အပိုင်းကလည်း စိစစ်ကြပ်မတ်ပေးမှုအားနည်း ချက်တွေကြောင့် လက်တစ်ဆုပ်စာလုပ်ငန်းရှင် တစ်စုက မင်းမူနေခြင်းမျိုးဖြစ်တယ်လို့ သုံးစွဲ သူတွေကဝေဖန်ကြပါတယ်။
ကိုစိုးသီဟနောင်က " အစိုးရအနေနဲ့ ကလည်း ၀င်ပြီးတော့ ထိန်းပေးတာမျိုးပေါ့။ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေဘက် ကနေ ပြည်သူတွေကိုပေးမယ်လို့ပြောပြီး အခု လက်ရှိပေးတဲ့ဝန်ဆောင်မှုတွေက အဆင်ပြေ ရဲ့လားဆိုတာမျိုးတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်" လို့ပြောပါတယ်။
အဲဒါတွေအပြင် ဆက်သွယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း လိုအပ်တဲ့နည်းဥပဒေနဲ့ လုပ် ထုံးလုပ်နည်းတွေကို ထပ်မံထုတ်ပြန်တာမျိုး တွေလုပ်ပြီး ကြပ်မတ်သင့်တယ်လို့ဆိုပါတယ်။
ဦးရဲမြတ်သူက " အရင်တုန်းကဆိုရင် လိုင်စင်ပိုင်းကို နိုင်ငံတော်အပိုင်းကနေပဲ ကိုင် ရမယ်ဆိုတာမျိုးရှိတယ်။ အဲဒါကြောင့် ရှိပြီးသား ကုမ္ပဏီတွေကပဲ လိုင်စင်ရှိတဲ့သူတွေအကုန် လုံးက ဒါကို လုပ်ဆောင်ပေးတာမျိုးပေါ့။ အပြိုင် အဆိုင်ဖြစ်အောင် လုပ်ပေးရမယ်။ အခု အဲဒါမျိုး က ဒီမှာမဖြစ်သေးဘူး။ ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်တာတွေက ညွှန်ကြားချက်တွေ နည်း ဥပဒေတွေလိုအပ်နေသေးတယ်။ အဓိကကတော့ ဥပဒေအတိုင်း လုပ်ဖို့လိုတယ်။ ဥပဒေထုတ် ပြန်မှုအားနည်းတယ်။ လုပ်ကိုင်မှုအားနည်း တယ်။ နိုင်ငံတော်အပိုင်းကနေပြီးတော့ ဥပဒေ ပိုင်းဆိုင်ရာတွေကို လုပ်ဆောင်ပေးမယ်။အဲဒါ မှ သုံးစွဲသူတွေကလည်း အာမခံတဲ့သူတွေ ဆီကနေပြီးတော့မှပဲ ၀ယ်မယ်ဆိုတာမျိုးဖြစ် သွားမှာပေါ့" လို့ဆိုပါတယ်။
ပြည်တွင်းမှာရှိတဲ့ ဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုကုမ္ပဏီတွေကတော့ သုံးစွဲသူ ပြည် သူတွေဆီကနေပြီးတော့ လစဉ်ကြေး ပုံမှန် ကောက်ခံပြီး ၀န်ဆောင်မှုကောင်းကောင်း ပြန် မပေးတာကတော့ အခုမှမဟုတ်ပါဘူး။ နှစ် ပေါင်း မနည်းတော့ပါဘူး။ ဘယ်သူမှကိုင်တွယ် ဖြေရှင်းပေးတာမျိုး အဖြေရှာပေးတာမျိုးလည်း မရှိခဲ့အတွက် အင်တာနက်ကုမ္ပဏီတွေက ယပ် ခတ်နေကြ တာပါ။
အချုပ်ဆိုရသော် လုပ်ငန်းလုပ်ကိုင်ခွင့် မရခင်တုန်းကတော့ ၀န်ဆောင်မှုတွေကို ဘယ် လိုပေးပါ့မယ်ဆိုပြီးပြောခဲ့ပေမယ့် လက်ရှိမှာ တော့ ပြည်သူတွေအတွက် ၀န်ဆောင်မှုဆိုတာ ကို ဖြစ်သလိုပေးနေတဲ့ အင်တာနက်ဝန်ဆောင် မှုကုမ္ပဏီတွေကို လည်း ဆက်သွယ်ရေးဝန်ကြီး ဌာနအနေနဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး ဥပဒေ ကြောင်းအရ အရေးယူမှုတွေလုပ်ဖို့သင့်ပြီဖြစ် ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။ ။
Credit To >>> Democracy Today

0 comments:

Post a Comment