4.6.16

ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ ဝန်ထမ်းများ သပိတ်မှောက်

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ရှိ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ ဝန်ထမ်း ၇၀၀ ကျော်သည် ယနေ့ (ဇွန်လ ၃ ရက်) ညနေ ၃ နာရီခန့်မှ စတင်ကာ စက်ရုံဝင်ပေါက်ဂိတ် အမှတ် ၁ ရှေ့တွင် ထိုင်သပိတ် ပြုလုပ်လျက်ရှိကြောင်း ယင်းစက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်းထံမှ သိရသည်။

အလုပ်ရှင် အလုပ်သမား EC စာချုပ်ကို ကုမ္ပဏီဘက်က ဖောက်ဖျက်ခဲ့သဖြင့် စက်ရုံရှေ့တွင် ထိုင်သပိတ်ပြုလုပ်လျက်ရှိပြီး ညှိနှိုင်းမှု အဆင်ပြေသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ကိုဝင်းထွန်းညွန့်က ဆိုသည်။

Credit To  >>> The Voice Weekly

0 comments:

Post a Comment