23.6.16

ထိုင်းနိုင်ငံထုတ် LPG ဓာတ်ငွေ့ ယာယီရပ်ဆိုင်းထားရာမှ ပြန်လည်တင်သွင်းခွင့်ပြု



ရေနံဓာတ်ငွေ့ရည် သယ်ယူသည့် ဘောက်ဆာယာဉ်လေးစီးကို ယခုလ ၁၄ ရက်တွင် မြဝတီနယ်စပ်ဒေသ ရေနံသဘာဝဓာတ်ငွေ့ LPG လုပ်ငန်းရှင်များအသင်းမှ အသင်း၏စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ် သဖြင့် တားဆီးခဲ့ခြင်းကြောင့် ရေနံသဘာဝဓာတ်ငွေ့ LPG တင်သွင်းခွင့် ယာယီရပ်ဆိုင်းခဲ့ရပြီး ဇွန် ၁၇ ရက်မှ စတင်၍ မဲဆောက်ကမ်းနဖူးသို့ရောက် ရှိလာသော မြန်မာဘက်ကူးမည့် ထိုင်း LPG တင်ဆောင်လာသည့် ယာဉ်များ ကမ်းနားတွင် ရပ်ဆိုင်းထားခဲ့ကြရာမှ ဇွန် ၂၁ ရက်က ပြန်လည်တင်သွင်း ပြီဖြစ်ကြောင်း သိရသည်။ 
ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်အရ ထိုင်းနိုင်ငံမှ ရေနံသဘာဝ ဓာတ်ငွေ့ရည် တရားဝင်တင်သွင်း ခြင်းနှင့် ပတ်သက်၍ ဇွန် ၁၄ ရက် က ဘောက်ဆာလေးစီးကို တားဆီးခဲ့သည့်ဂယက်ကြောင့် ချစ်ကြည်ရေး တံတားမှ တရားဝင်တင်သွင်းမှုကို ဇွန် ၁၇ ရက်က ယာယီရပ်ဆိုင်းခဲ့ရာမှ ပြန်လည်တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 

ကုမ္ပဏီတစ်ခု တစ်လလျှင် ဘောက်ဆာအစီး ၃ဝ တင်သွင်းရန် နှင့် ဈေးကွက်လိုအပ်ချက် ရှိလာပါက ကုမ္ပဏီတစ်ခုနှင့်တစ်ခု ညှိနှိုင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကာ မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ ရေနံသဘာဝ ဓာတ်ငွေ့ရည်များအား တင်သွင်းနေပြီဖြစ်ကြောင်း နယ်စပ်ဒေသရေနံ သဘာဝဓာတ်ငွေ့ LPG လုပ်ငန်းရှင် များအသင်းရုံးမှ သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment