23.6.16

ရခိုင်ပြည်သူများ၏ မိတ်ဆွေအစစ်မှန် တစ်ဦးအနေနှင့် လာရောက်ခြင်းဟု ကုလ ကိုယ်စားလှယ်ပြော



ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee သည် ရခိုင်ပြည်နယ်ကို အစိုးရသစ်လက်ထက်မှာ ပထမဆုံးခရီးစဉ်အဖြစ် ယနေ့ ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီက စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး စစ်တွေလေဆိပ်အတွင်းရှိ ဧည်ခန်းဆောင်တွင် ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် "ကျွန်မ ဒီကိုလာတာ ရခိုင်ပြည်သူတွေရဲ့ မိတ်ဆွေအစစ်အမှန်တစ်ဦးအနေနဲ့ လာရောက်တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ လူတိုင်း တိုးတက်ပြောင်းလဲမှုတွေ ရရှိအောင်ဆောင်ရွက်မှာဖြစ်တယ်" ဟု လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee က မဇ္ဈိမကို ပြောကြားခဲ့သည်။
ယင်းအပြင် ပြည်နယ်၏ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုက “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကနေ ကျွန်တော်တို့ ပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်းပဲ လိုက်ပါဆောင်ရွက်နေတဲ့ အတွက်ကြောင်မို့ ကျွန်တော် လုပ်ကိုင်ဆောင်ရွက်နေတာနဲ့ ပါတ်သက်ပြီးတော့ သံသယ ရှိစရာ၊ အထင်လွဲစရာ ဆိုတာမျိုးတွေ မရှိဘဲနဲ့ ပြည့်ပြည့်ဝဝ ဆောင်ရွက်သွားမယ့် အနေထားလည်း ရှိပါတယ်” ဟု ကုလကိုယ်စားလှယ်ကို ပြန်လည် ပြောကြားခဲ့သည်။
Yanghee Lee သည် နိုင်ငံသားစိစစ်မည့် အစီအစဉ်ကို ငြင်းဆိုနေကြသည့် ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာမှ မွတ်စလင်များနှင့် တွေ့ဆုံခဲ့ပြီး ကျောက်တော်မြို့နယ် ပညာဝကျေးရွာက ရခိုင်စစ်ဘေးဒုက္ခသည်စခန်းများနှင့်လည်း တွေ့ဆုံခဲ့သည်။
လာမည့် ဇွန်လ ၂၃ ရက်နေ့တွင် စစ်တွေမြို့ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဒုက္ခသည်စခန်းများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ထားကြောင်း သိရပြီး ရခိုင်အမျိုးသားပါတီအနေနှင့် Yanghee Lee မှ ရခိုင်အမျိုးသားတို့၏ မျှတမှုကို ပြောင်းလဲနိုင်မည် မဟုတ်ဟု ယူဆသဖြင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Credit To >>> Mizzima Burmese

0 comments:

Post a Comment