23.6.16

နိုင်ငံတော်ကာကွယ်ရေးမှာ စစ်ရေးတစ်ခုတည်းမဟုတ်ဘဲ အမျိုးဘာသာ သာသနာပါ ပါဝင်ကြောင်း တပ်ချုပ်ပြော

 နိုင်ငံတော်ကာကွယ်ရေး ဆိုသည်မှာ စစ်ရေးတစ်ခုတည်း မဟုတ်ဘဲ တိုင်းပြည်၏ သယံဇာ တများကို ကာကွယ်ခြင်း၊ ယဉ် ကျေးမှုအရ၊ လူမှုရေးအရ၊ အမျိုး ဘာသာ သာသနာကို ကာကွယ် ခြင်းစသည်တို့ ပါဝင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။


ဇွန်လ ၂၁ ရက်တွင် ဗထူး တပ်နယ်အားကစားခန်းမ၌ ဗထူး တပ်နယ်မှ သင်တန်းသားအရာရှိ များနှင့် အရာရှိ၊ စစ်သည်၊မိသားစု ၀င်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်ချုပ်က အ ထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
 စစ်ရေးသက်သက်သည် ကျဉ်းမြောင်းသော အမြင်သာဖြစ် ပြီး ကာကွယ်ရေးအမြင်သည် များစွာကျယ်ပြန့်ကြောင်း တပ် ချုပ်ကပြောကြားသည်။
အမျိုးဘာသာ သာသနာ စောင့်ထိန်းမှုနှင့်ပတ်သက်၍ မိမိ တို့နိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ် သော ထေရ၀ါဒဗုဒ္ဓဘာသာ စစ် စစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၈၅ ရာ ခိုင်နှုန်းကျော်သည် ဗုဒ္ဓဘာသာ ၀င်များဖြစ်၍ ပရိယတ္တိ၊ ပဋိပတ္တိ နှံ့စပ်ကျွမ်းကျင်သူ ရဟန်းရှင်လူများစွာရှိကြောင်း၊ ကမ္ဘာပေါ်တွင် ထိုသို့နိုင်ငံမျိုးမှာ ရှားပါးပြီး ဗုဒ္ဓဘာသာနိုင်ငံအချို့ကပင် မိမိတို့နိုင်ငံမှ ပြန်လည်လေ့လာသင်ယူနေကြရကြောင်း ၎င်းကပြော သည်။
 ဘာသာရေးအစွန်းရောက် ခြင်းမဟုတ်ဘဲ မိမိအမျိုးဘာသာ သာသနာနှင့်ပတ်သက်၍ လုပ်သင့် လုပ်ထိုက်သည်များကို မှန်မှန် ကန်ကန် လုပ်ဆောင်ကြရန်လိုပြီး မိမိတို့၏ သားသမီးများကိုလည်း လက်ဆင့်ကမ်းအမွေအဖြစ် သင် ကြားပေးရန်လိုကြောင်း တပ်ချုပ် ကပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်သည် ဇွန်လ ၁၇ ရက်က တပ်မတော်လေ့ကျင့်ရေး သင် တန်းကျောင်းများမှ တပ်မှူးကြီး များ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီး များ၊ သင်တန်းသားများကို တွေ့ ဆုံရာတွင် ကာကွယ်ရေးပိုင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သေး သည်။
ကာကွယ်ရေးပိုင်းနှင့် ပတ် သက်၍ စစ်ရေးအမြင်တစ်ခုတည်း ရှုမြင်၍မရကြောင်း၊ ကာကွယ်ရေး တွင် နယ်ပယ်များစွာ ကျယ်ပြန့် ကြောင်း၊ နိုင်ငံကို ထိခိုက်စေမည့်၊ ဒေသတွင်းကို ထိခိုက်စေမည့်၊ ကမ္ဘာကြီးကို ထိခိုက်စေမည့်ကိစ္စ ရပ်များကို ကာကွယ်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တပ်မတော်သားများ အနေဖြင့် စစ်ရေးသာမက ကာကွယ်ရေး တွင်ပါ တာဝန်ရှိကြောင်း၊ အမျိုး  ဘာသာသာသနာ၊ ထုံးတမ်းစဉ် လာ၊ ယဉ်ကျေးမှု၊ မျိုးချစ်စိတ် ဓာတ်များသည် အရေးကြီးသည့် အချက်များဖြစ်ပြီး အဖျက်အဆီး မခံရအောင်၊ မပျက်စီးအောင်၊ မ ထိခိုက်အောင်၊ ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း ပြောကြားခြင်းဖြစ်သည်။ ဇွန်လ ၁၇ ရက် တွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီး ချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင် မြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ခဲ့ကြသည်။
ပထမအကြိမ် လွှတ်တော် သက်တမ်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် သမ္မတအရည်အချင်း၌ပါဝင်သော စစ်ရေးအမြင်ဟူသောနေရာတွင် ကာကွယ်ရေးအမြင်ဟူသော ပြင် ဆင်ချက်တစ်ခုကိုသာ တပ်မ တော်သား ကိုယ်စားလှယ်များက သဘောတူကြပြီး ကျန်ပုဒ်မများ ပြင်ဆင်မှုကို သဘောမတူခဲ့ချေ။
Credit To >>> 7 Day Daily

0 comments:

Post a Comment