24.6.16

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီ စစ်တွေမြို့တွင်းလေ့လာ

ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီသည် ယနေ့နံနက် ၈ နာရီခွဲက စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်တိုင်းရင်းသားကယ်ဆယ်ရေး စခန်းသို့ သွားရောက်လေ့လာသည်။

အဆိုပါကယ်ဆယ်ရေးစခန်းတွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံမေးမြန်းရာ ဒေသခံများက ကျန်းမာရေး၊ ပညာရေးနှင့် အခြားလိုအပ်ချက်များကို တင်ပြကြသည်။ ယင်းနောက် ကယ်ဆယ်ရေးစခန်းအတွင်း ကြည့်ရှုလေ့လာကြသည်။
မစ္စယန်ဟီလီနှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် အောင်မင်္ဂလာ ရပ်ကွက်ရှိ မဒ္ဒရာဆာ အိစ္စလာမ်ယာ စာသင်ကျောင်း၌ မွတ်စလင်လူမှုအသိုင်း အဝိုင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ဆက်လက်၍ ၎င်းရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းသို့သွားရောက်ပြီး ပညာသင်ကြားနေမှုကို ကြည့်ရှု အားပေးသည်။
ထို့နောက် စစ်တွေဟိုတယ်တွင် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်လည်းကောင်း၊ ဆက်လက်၍ ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး လေ့လာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နှင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်းကောင်း တွေ့ဆုံသည်။
မစ္စယန်ဟီလီနှင့်အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေမြို့ရှိ UNDP ရုံးသို့ သွားရောက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ညနေ ၆ နာရီခွဲတွင် စစ်တွေလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ည ၇ နာရီ ၂၅ မိနစ်တွင် ရောက်ရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment