24.6.16

ပြည်တွင်းလိုအပ်ချက်အတွက်သာ သစ်ကုန်ကြမ်းများကို ထုတ်လုပ်သွားမယ်

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်းနဲ့ သစ်မာ ထုတ်လုပ်မှုကို
လုံးဝရပ်နားကာ နောက်လာမည့် နှစ်များမှာ တောထွက်ပမာဏကို
သိသိသာသာလျော့ချညပီး ပြည်တွင်းလိုအပ်ချက်အတွက်သာ
ထုတ်လုပ်သွားမယ်လို့ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက က
သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ FRA 2015 အရ နိုင်ငံဧရိယာရဲ့
၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှာ သစ်တောများ ဖုံးလွှမ်းလျက်
ရှိနေသေးပြီး သဘာဝသယံဇာတရင်းမြစ်များကို ထုတ်ယူ
သုံးစွဲရာမှာ အကန့်အသတ်နဲ့ စနစ်တကျ ထုတ်ယူသုံးစွဲဖို့
အရေးကြီးလျက်ရှိပါတယ်။
မြန်မာ့ကျွမ်းသစ်မူရင်းဒေသ ပဲခူးရိုးမကို ခရိုင်သစ်တော
အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း ၁၀ နှစ်အထိ ကျွန်းနဲ့ သစ်မာ
ထုတ်လုပ်ခြင်းမပြုဘဲ အနားပေးဆောင်ရွက်သွားဖို့အတွက်
ဆွေးနွေးသုံးသပ်ထားတယ်လို့ သိရပါတယ်။
သစ်တောဖုံးလွှမ်းမှုများ လျော့နည်းလားခြင်းမှာ သစ်အလွန်
အကျွံထုတ်လုပ်မှု၊ လူဦးရေးတိုးတက်မှုနဲ့အတူ မြို့ရွာများ
တိုးချဲ့လာမှု၊ အခြားမြေအသုံးချမှုပြောင်းလဲလာမှုများ၊
တရားမ၀င်သစ်ခိုးထုတ်မှုများကြောင့် ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။
သစ်တောသယံဇာများလေလွင့်ဆုံးရှုံးမှုမဖြစ်ရေးအတွက်
တရားမ၀င်သစ်ဖမ်းဆီးရေးကို ထိထိရောက်ရောက်ဆောင်
ရွက်နိုင်မှာသာ သစ်တောများ ထိန်းသိမ်းရေးကို
ကာကွယ်နိုင်မှာဖြစ်သလို တစ်ဖက်မှာလည်း
သစ်ထုတ်လုပ်ခြင်းမပြုဘဲ အနားပေးထားခြင်းဖြင့်
သစ်တောများ ထုတ်လုပ်နိုင်စွမ်းပြန်လည်ပြည့်ဝလာမှာ
ဖြစ်တယ်လို့ သစ်တောဦးစီးဌာနက တာဝန်ရှိသူများက
ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိလူဦးရေ ၇၀ ရာခိုင်နှုန်းမှာ နေ့စဉ်
စားဝတ်နေရေးအတွက် ထင်း၊ မီးသွေးလောင်စာကို
မှီခိုနေရဆဲဖြစ်ပြီး လုပ်ငန်းသုံးထင်းလောင်စာအပါအ၀င်
နှစ်စဉ်ထင်းလိုအပ်ချက်အတွက် အသေးစိတ်တွက်ချက်သွားဖြစ်ကာ
ကျေးရွာထင်းစိုက်ခင်းများကို ထည်ထောင်ပေးဖို့
စီစဉ်သွားမှာ ဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment