9.8.16

အရည်အသွေးမြင့်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သည့် ရာထူးတိုးမြှင့်ရေးအစီအစဉ်များ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိ



ကျေးလက်ဒေသ အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေး ရန်လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်း
အတာအရ ခွင့် ပြုငွေချပေးရန် ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျပြီး အမှန်တကယ် လိုအပ်နေသည့်ဒေသများကို စိစစ်ပြီး ဘတ်ဂျက်ငွေ ခွင့်ပြုပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ တွင် လေရှီးမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးက တင်သွင်းသည်။
ယင်းအဆိုကို မတူပီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်း က ထောက်ခံဆွေးနွေးခဲ့ပြီး လက်ခံ ဆွေးနွေးရန် လွှတ်တော်ကသဘော တူညီသည်။
အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးက နိုင်ငံတော်က ချမှတ်ထားသော ပညာရေးမူဝါဒနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် အထောက်အပံ့ဖြစ်စေသော အခြေခံ ပညာအဆင့် သင်ကြား၊ သင်ယူမှု ပညာရည် စစ်ဆေးတိုင်းတာခြင်း အကဲဖြတ်မှုပုံစံအတွက် မှန်ကန်သော မူဝါဒတစ်ရပ် ချမှတ်ပေးပါရန်နှင့် ခိုင်ခိုင်မာမာ ကျင့်သုံးပေးပါရန် ပညာရေးဝန်ကြီးဌာနအား တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ထောက်ခံဆွေးနွေးပြီး လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူညီသည်။
ယနေ့အစည်းအဝေးတွင် ကံမ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဟန်၏ မူလတန်းပြနှင့် အလယ် တန်းပြဆရာ၊ ဆရာမများကို ရာထူး တစ်ခုတွင် လုပ်သက် (၂) နှစ်ပြည့်ပြီး အသက်(၅၉)နှစ်ပြည့်ပြီးပါက ဂုဏ်ထူး ဆောင်ရာထူးတိုးမြှင့်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခင် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ကာလများ အထိ တိုးမြှင့်လစာ ခံစားခွင့်များပြုခဲ့ ရာတွင် လုပ်သက်ရမှတ် (၆၃ ဒသမ ၁၂) အထက်ရှိသူ မူလတန်းကျောင်း အုပ်ကြီးများကို ပညာရှင်အဆင့်(၃)၊ အထက်တန်းပြရာထူးနှင့် တူညီသော လစာနှုန်းသို့လည်းကောင်း၊ စကော လားရှစ် ပညာသင်ဆုရရှိသော ကျောင်းမှ မူလတန်းကျောင်းအုပ်ကြီး များကို ပညာရှင်အဆင့်(၃)၊ အထက် တန်းပြရာထူးနှင့်တူညီသော လစာ နှုန်းသို့လည်းကောင်း၊ ပညာရေးဘွဲ့ (B.Ed) ရရှိပြီးသော မူလတန်း ကျောင်းအုပ်ကြီးများကို ပညာရှင် အဆင့်(၃) လစာနှုန်းသို့လည်းကောင်း၊ အသက်(၅၉)နှစ်ပြည့်ပြီးသော မူလ တန်းကျောင်းအုပ်ကြီးများကို ပညာ ရှင်အဆင့်(၃) လစာနှုန်းသို့လည်း ကောင်း၊ အသက်(၅၉)နှစ် ပြည့်ပြီး သော အလယ်တန်းပြ လုပ်သက်(၂) နှစ်ရှိသူ အလယ်တန်းပြဆရာ၊ ဆရာ မများကို ပညာရှင်အဆင့် (၃) လစာ နှုန်းသို့လည်းကောင်း၊ အသက် (၅၉) နှစ် ပြည့်ပြီးသော မူလတန်းပြဆရာ၊ ဆရာမများကို ပညာရှင်အဆင့် (၂) အလယ်တန်းပြရာထူးနှင့် တူညီသော လစာနှုန်းသို့လည်းကောင်း တိုးမြှင့် ခံစားခွင့်ပြုခဲ့ပါကြောင်း။
ယခု အစိုးရသစ်လက်ထက်တွင် ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ အရည်အသွေးမြင့်မား ရေးနှင့် လူမှုဘဝဖူလုံရေးတို့အတွက် ရေရှည်တည်တံ့မည့် အစီအစဉ်များ ချမှတ်နိုင်ရန်၊ ပညာရေးဝန်ထမ်းများ အတွင်း လေ့လာဆန်းစစ်မှုများ၊ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မူလတန်းပညာရေးအဆင့်၊ အလယ်တန်း ပညာရေးအဆင့်၊ အထက်တန်းပညာရေး အဆင့်များတွင် ရင့်ကျက်သော၊ အတွေ့အကြုံရှိ သော၊ အရည်အသွေးပြည့်ဝသော ဆရာဆရာမများအဖြစ် အရည်အသွေးမြင့်ပညာရေး Quality Education ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပိုမို ကောင်းမွန်သည့် ရာထူးတိုးမြှင့်ရေး အစီအစဉ်များ ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ရေစကြိုမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးတင်ဌေး အောင်၏ ယခင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ယခုပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမ ဝန်ထမ်းများ၏ ရာထူးတိုးမညီမျှမှုများ၊ ကြန့်ကြာနေမှုများ၊ ရာထူးတိုးနစ်နာ နေမှုများရှိပါက မည်သို့ဆောင်ရွက် ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ၊ သုတေ သနဌာနများမှ ဝန်ထမ်းများအားလုံး ၏ ရာထူးတိုးမြှင့်ပေးခြင်းအား ထိုဝန် ကြီးဌာန၏ မူဝါဒနှင့်အညီ နှစ်စဉ် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်း များ ရာထူးတိုးအတွက် ချမှတ်ထား သော မူဝါဒများနှင့်အညီ ဝန်ထမ်း စုစုပေါင်း (၂ဝ၁၇) ဦးအား ရာထူးတိုး မြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနအနေဖြင့် ဝန်ထမ်းများ ရာထူး တိုးမြှင့်ပေးခြင်း ကိစ္စရပ်များအတွက် ဝန်ကြီးဌာနတွင် ကျင့်သုံးနေသော မူဝါဒများမှ လက်ရှိရာထူး လုပ်သက် သတ်မှတ်ချက်များအား နိုင်ငံ့ဝန်ထမ်း နည်းဥပဒေပါ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက် စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၏ ၂ဝ၁၅ ခုနှစ် ဇူလိုင်(၂၃) ရက်စွဲပါ စာအမှတ် စမပ/ပထ ၂/၂၁ဝ/ ၂ဝ၁၅(၁၉၂) စာဖြင့် ကထိကရာထူးသို့ တိုးမြှင့်ပေးနိုင်ရန် လက်ရှိရာထူး လုပ်သက် (၃)နှစ်ရှိပြီး သူများအား စုစည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် ဝန်ကြီးဌာန၏ဖွဲ့စည်းပုံ အင်အား၊ ခွင့်ပြုဘဏ္ဍာငွေရရှိမှုအခြေ အနေများအရ ၂ဝ၁၅ ခုနှစ်အတွင်း ရာထူးလုပ်သက် (၅) နှစ်နှင့် အထက် ရှိသူ (၅၃၄)ဦးအား တစ်ဆင့်မြှင့် ရာထူးဖြစ်သော ကတိကရာထူးသို့ တိုးမြှင့်ပေးပြီးဖြစ်ပါကြောင်း၊ နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် သိပ္ပံ နှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ပညာ ရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြင်ဆင် ဖွဲ့စည်းမှုနှင့်အတူ ဝန်ကြီးဌာနနှစ်ခု ၏ မူဝါဒများ တစ်ပြေးညီဖြစ်စေရေး အတွက် ကဏ္ဍအလိုက် ညှိနှိုင်းဆောင် ရွက်လျက်ရှိပြီး ရာထူးပြောင်း/တိုးမြှင့် ရေတို့အတွက် ညှိနှိုင်းရေးဆွဲပြီး တစ်ပြေးညီ ဆက်လက်စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်း လင်းဖြေကြားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment