1.9.16

အီးယူ-အမေရိကန် ကုန်သွယ်မှုစာချုပ် ဆွေးနွေးမှုတွေကို ရပ်ဖို့ ပြင်သစ် ကြိုးပမ်း


လက်ရှိ ဥရောပသမဂ္ဂ နဲ့ အမေရိကန်နိုင်ငံတို့ကြား ကြီးမားတဲ့ ကုန်သွယ်မှု သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့ဆွေးနွေးနေခဲ့တာတွေကို ရပ်တန့်သွားဖို့ အီးယူအုပ်စုကြီးကိုတောင်းဆိုတော့မယ်လို့ ပြင်သစ်က သြဂုတ်လ ၃၀ ရက်မှာ
ပြောကြားလိုက်ပါတယ်။
“ ဒီလိုမျိုး ညှိနှိုင်းဆွေးနွေးမှုတွေကို နိုင်ငံရေးအရလည်း ဒီထက်ပိုပြီးထောက်ခံသွားဖို့ မရှိတော့ပါဘူး၊ ဒါကြောင့် ကုန်သွယ်မှုစာချုပ်နဲ့ပတ်သက်လို့ ဆွေးနွေးတာတွေကို အဆုံးသတ်ဖို့ ကျွန်တော်တို့နိုင်ငံကတော့တိုက်တွန်းတောင်းဆိုသွားပါမယ်” လို့ ပြင်သစ်ရဲ့ ကုန်သွယ်မှုဆိုင်ရာ ဒုဝန်ကြီး Matthias Fekl ကပြောသွားပါတယ်။

အီးယူနဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကအတ္တလန္တိတ် ဖြတ်ကျော် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းစာချုပ် (TTIP) ကို စတင် ဆွေးနွေးညှိနှိုင်းနေခဲ့တာဖြစ်ပြီး လက်ရှိ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား သက်တမ်မပြီးဆုံးခင်အချိန် ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်မယ့် လွတ်လပ်တဲ့ ကုန်သွယ်မှု စာချုပ်ကြီးကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းကာလတွေမှာတော့ယင်းစာချုပ်နဲ့ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာ
တန့်အီတုံ့ဆိုင်းလာခဲ့ပြီး စာချုပ်ကြောင့် အီးယူအဖွဲ့ကြီးဘက်ကယင်းရဲ့ အဓိကလုပ်ငန်းနယ်ပယ်တွေဖြစ်ကြတဲ့ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ကိစ္စရပ်တွေကို လှိုက်စားလာနိုင်မယ့် သံသယတွေ ကြီးထွားလာနေခဲ့တာကိုတွေ့ရပါတယ်။

ယခု စာချုပ်မှာတော့ သာတူညီမျှ မရှိလှဘဲ အမေရိကန်ဘက်ကိုပဲပိုမိုအလေးသာစေလျက်ရှိတယ်လို့ Fekl ကဝေဖန်ပြောကြားသွားကြပါတယ်။

ပြင်သစ်နိုင်ငံဘက်ကတော့ လာမယ့် စက်တင်ဘာလBratislava မှာ ပြုလုပ်မယ့် နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီးတွေအစည်းအဝေးမှာ ယခုလို စာချုပ်ဆွေးနွေးမှု ရပ်ဖို့ တောင်းဆိုချက်ကိုပြုလုပ်သွားမယ်လို့လည်း ၎င်းက အတည်ပြုပြောကြားသွားပါတယ်။
Credit To>>> SFJ Strategy First Journal 

0 comments:

Post a Comment